တစ်နေ့သောအခါ လူငယ်တစ်ယောက် ရန်ကုန် -နေပြည်တော် အလုပ်ကိစ္စ တစ်ခုအတွက် အထူးအမြန် Myanmar Express ကားဖြင့် စီးလာရာ ကံကောင်းစွာဖြင့် ခေတ်မီ တိုပြတ် အမျိုးသမီး တစ်ဦးနှင့် အနီး ကပ် ကျလေသည်။ ခရီးသွားလာရင်း တော်ကီဖုတ်ရန် အတွက် လူငယ်မှ အမျိုးသမီးကို အခုလို အတူခရီး သွားရတာ ၀မ်းသာ ပါတယ်ဟု ခပ်တိုးတိုး အစပျိုး၏။
ထိုအခါ အမျိုးသမီးက ရုတ်တရတ် စူးဝါးသော အသံဖြင့် “ ရှင့်အိမ် လိုက်ဖို့ ခေါ်ရအောင် ကျွန်မကို ဘာ မှတ်နေ လဲ” ဟု ထပြော၏။ ကားပေါ်ပါသူများ နှာဘူးဟု သတ်မှတ်သည့် အကြည့် ဖြင့် လူငယ်ကို ၀ိုင်း ကြည့်ကြ၏။ ခဏအကြာ အဆိုပါ အမျိုးသမီးမှ ကျွန်မက The Ladies ဂျာနယ်က သတင်းထောက်ပါ။ သူ များ ကို ဘယ်လို အပုပ်ချရင် ဘယ်လို အထင်မှားစေနိုင်လဲ ဆိုတာ ခွန်ဒီးယမ်းဆီမှာ သင်ခဲ့ရပါတယ်။ စိတ်မကောင်း ပါဘူး၊ စတာပါရှင် လို့ ခပ်တိုးတိုး ပြန်ပြောလေ၏။
လူငယ်မှ သူမဘက် လှည့်ပြီး ရုတ်တရတ် ကျယ်လောင်စွာဖြင့် “ ဘာ၊ တစ်ည တစ်သိန်း၊ ငါမှာ အဲလောက် ပိုက် ဆံ မပါဘူး ” ဟု ခပ်ကျယ်ကျယ် ပြန်ပြောလေ၏။ ကားပေါ်ပါသူများ ဤအမျိုးသမီးဟာ တစ်ခုခုတော့ တစ်ခု ခု ပဲ ဆိုသည့် အကြည့်ဖြင့် ၀ိုင်းကြည့်ကြ၏။ မိနစ် အနည်းငယ် အကြာ လူငယ်မှ “ကျွန်တော်က Weekly သတင်းထောက်ပါ။ ကိုယ်ခံရင် ဘယ်လိုပြန်အပုပ်ချရမလဲ ဆိုတာ ကိုဝေဖြိုးဆီမှာ သင်ခဲ့ရပါတယ်။ ပြန်စတာပါ” ဟု ခပ်တိုးတိုး ပြန်ပြောလေသတည်း။
ကျွန်တော်လည်း စတာပါ။ ခွီးခွီး..
စာရေးသူ Oppositeye myanmar at 8:37 PM
စာပေအမျိုးအစား ဟာသ
Monday, July 14, 2014
သူ့ ပညာနဲ့ သူပါ

Labels:
ဟာသ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment