Monday, July 14, 2014
ကျိမ်စာမိသွားတဲ့ ဘရာဇီး
အိမ်ရှင်ဘရာဇီးအသင်း အရှက်တကွဲနဲ့ ၇ ဂိုးပြတ်ရှုံးနိမ့်ခဲ့တာဟာ ကျိန်စာတိုက်တာကြောင့်လို့ ဆိုပါတယ်။
ဂျာမနီနဲ့ မကန်ခင်မှာ ဘရာဇီးလူမျိုး အောက်လမ်းပညာရှင် မှော်ဆရာက ဂျာမနီအသင်းရဲ့ အဓိက ကစားသမားတွေကို ဒုက္ခရောက်အောင် အစီအရင်များ ပြုလုပ်ထားသည်ဟု ထုတ်ဖော် ပြောကြားခဲ့ပါတယ်။
“ဂျာမနီအသင်းရဲ့ အဓိက ကစားသမားတွေကို ကွင်းထဲမှာ မပြေးနိုင်အောင် သူတို့ရဲ့ခြေထောက်တွေကို အစီအရင်တွေနဲ့ ချည်နှောင်ထားပါတယ်” လို့ မှော်ဆရာ ဆီးလ်မန်းက ပြောဆိုခဲ့တာပါ။
ဒါပေမဲ့ မှော်ဆရာရဲ့ အစွမ်းက ဂျာမနီအသင်းပေါ် မသက်ရောက်ဘဲ မိမိအသင်းအပေါ်သာ
သက်ရောက်ခဲ့ပြီး ဘရာဇီးကစားသမားတွေဟာ ခြေစွမ်းမပြနိုင်ဘဲ ဂျာမနီတွေရဲ့ ခြေမှုန်းခြင်းကို ခံခဲ့ရပါတယ်။
ပထမပိုင်း ၂၉ မိနစ်မှာတင် ဂျာမနီက ၅ ဂိုးပြတ်နဲ့ ဦးဆောင်နေပြီးတော့ ဒုတိယပိုင်းမှာ ၂ လုံးထပ်သွင်းနိုင်တာကြောင့် ၇ ဂိုးထိ ပြတ်နေခဲ့ပါတယ်။ ပွဲပြီးခါနီး မိနစ် ၉၀ အရောက်မှာတော့ အိမ်ရှင် ဘရာဇီးအသင်းအတွက် အရှက်ပြေ ဂိုးကို အော်စကာက သွင်းယူပေးခဲ့ပါတယ်။ ဝေဖန်သူအချို့ကတော့ သူများအသင်းအပေါ် မကောင်းကြံလို့ ခုလို ကိုယ့်ကိုကိုယ် ပြန်ထိတာလို့ ဆိုကြပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မှော်ပညာနဲ့ လုပ်ဆောင်မှုတွေ ခေတ်စားခဲ့ပြီး ပေါ်တူဂီ ကြယ်ပွင့် စီရော်နယ်ဒိုကိုလည်း ခြေစွမ်းမပြနိုင်အောင် ဂါနာ နတ်ဆရာတစ်ဦးက ပြုလုပ်ခဲ့တယ်လို့ သတင်းများမှာ ဖော်ပြခဲ့ကြပါတယ်။
အားကစားဟာ အားကစားဖြစ်ပြီး ရှုံးရှုံးနိုင်နိုင် မျှမျှတတ ယှဉ်ပြိုင်ကြဖို့ လိုအပ်ပါတယ်။
သူများမကောင်းကြံရင်တော့ ကိုယ့်ရှူးကိုယ်ပြန်ပတ်တတ်တာ ဒီဖြစ်ရပ်လေးက သက်သေပါပဲ။
Labels:
သတင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment