Monday, July 14, 2014

လူမျိုးရေးဘာသာရေး အဓိကရုဏ်များနှင့်နိုင်ငံရေးရွေ့ ကွက်

မုဆိုးတွေက ကိုယ် လိုချင်တဲ့ သား ကောင်ကို မိဖို့ ထောင်ချောက် ဆင်ကြ လေ့ရှိသည်။ တစ်ခါ တစ်ရံတော့ လည်း ယုန် လိုချင်လို့ ထောင်ချောက် ဆင်ပေ မယ့် အနေ အထိုင် မတတ်သော ကြောင် ကြောင့် ယုန်ကို မမိဘဲ ကြောင်ကိုသာမိ တတ်ပြန်သည်။ ထို့ကြောင့် မြန်မာ စကားပုံမှာ ယုန် ထောင် ၊ကြောင်မိလို့ ဆိုကြ၏။ သို့ သော်လည်း ယုန်ကိုပဲ မိမိ၊ ကြောင်ကို ပဲမိမိ မုဆိုးတို့၏ ရည်ရွယ်ချက် ကတော့ အထမြောက်ခဲ့ သည်သာ။ ဆန်ရှားသည့် ပြဿနာက တရုတ်လူမျိုးတို့အပေါ်ပုံ စာရေးသူကို မမွေးသေးခင် ၁၉၆၇ ခုနှစ် က ဆန်ရှား သဖြင့် မိဘများ ဂျုံဖြင့် ချာပါတီ လုပ်စားခဲ့ရသည်ဟု ပြောပြခဲ့ ဖူးသည်။ ၁၉၆၇ မတိုင်ခင် ဆန်တစ် ပြည်ကိုပြား ၆ဝ မှ ၁၉၆၇ ဆန်ရှားပါးမှု ပြဿနာဖြစ် ချိန်တွင် ဆန်တစ်ပြည်ကို ၇ ကျပ်၊ ၈ကျပ် ဖြစ်သွားခဲ့သည်။ ထို အချိန်က အောက်တန်း စာရေးတစ် ယောက်၏ တစ်နေ့ ဝင်ငွေမှာ ၆ ကျပ် ပြား ၈ဝ သာဖြစ်သောကြောင့် ပြည်သူ များဒေါသ ပွားကြလေသည်။ အာရှ တိုက် ၏ စပါးကျီဟု တင်စားခေါ်ဝေါ်ရ သည့် မြန်ရွှေပြည်ကြီး အတွင်း ဆန်မရှိ ဟု ဆိုသော အခါ လယ်ပြင်မှာ ဆင်သွား သလို ပေါ်လွင်ခဲ့သည်က အစိုးရ ၏ စီမံ ခန့်ခွဲမှု ညံ့ဖျင်းခြင်းကြောင့် ဖြစ်လေ သည်။ ထို့ကြောင့် တော်လှန်ရေး ကောင် စီ အစိုးရ အပေါ် ဆန့်ကျင် အန်တုမှုများ မဖြစ်ပေါ်သေးခင် တရုတ်ကျောင်းသား များ မော်စီတုန်း တံဆိပ် တပ်ဆင်သည် ကို အကြောင်းပြု ပြီး တရုတ် မြန်မာ အဓိက ရုဏ်းဖြစ်ပေါ် လာအောင် သွေးထိုးတော့ လေသည်။ ထိုတရုတ် -မြန်မာ အဓိကရုဏ်း အတွင်း တော်လှန်ရေး ကောင်စီ၏ ဒေါက်တိုင်များ ဖြစ်သည့် အရပ်ဝတ် ဝတ် ဆင်ထား သည့် စစ်သားများ၊ စစ်ထောက် လှမ်းရေး များက အဓိက အခန်း ကဏ္ဍမှာ ပါဝင်ကာ အသုံးတော် ခံခဲ့သည်။ တစ်ရပ်ကွက် တည်း အတူနေကြ သူ အချင်းချင်း ရက်ရက် စက်စက် သတ်ဖြတ်ဖြစ်အောင် သွေးထိုး လှုံ့ဆော် ကြသလို၊ သွေးပူနေသည့် လူအုပ်ကြီး အား ညာသံပေးကာ တရုတ် လူမျိုးပိုင် နေအိမ်များ၊ ဆိုင်များကို ဖျက်ဆီးခဲ့ ကြသည်။ မြန်မာနိုင်ငံ အနှံ့ အပြားတွင် ဖြစ်ပေါ်ခဲ့သော် လည်း မြို့တော် ရန်ကုန် တွင် အဆိုးဝါးဆုံးဖြစ်ကာ ရန်ကုန် တစ် မြို့လုံး မီးခိုးလုံးများ ဖုံးလွှမ်း သွားခဲ့ရ၏။ ဆန်ရေစပါး ရှားပါးသည့် ပြဿနာ ပျောက် ကွယ်သွားပြီး တရုတ်ကို မြန်မာက ရိုက် နှက်သတ်၊ မြန်မာကို တရုတ်က ရိုက် နှက် သတ်ဖြင့် ရန်ကုန်မြို့သည် မြို့ပျက် တစ်ခုဖြစ်ခဲ့ရသည်။ ထိုအဓိက ရုဏ်းကို ဖန်တီးခြင်း ၏ နောက်ကွယ်တွင် ရည်ရွယ်ချက် ၂ မျိုး ရှိခဲ့ ပါသည်။ ပထမ တစ်မျိုးက ဆန်ရှား သည့် ပြဿနာ ကို အာရုံ လွှဲခြင်း ဖြစ်ပြီး၊ ဒုတိယ တစ် မျိုး အနေနှင့် ကွန်မြူနစ်အား ပြတ်ပြတ် သားသား ဆန့်ကျင်သည့် အစိုးရ အဖြစ်ဖြင့် အမေရိကန်အား မျက်စပစ်ခြင်းသာ ဖြစ်သည်။ ဆန်ပြဿနာ ကို ခဏသာ အာရုံ လွှဲနိုင်ခဲ့သော် လည်း အမေရိကန်နှင့် ဆက်ဆံရေး ကတော့ ပိုမို ချောမွေ့ ပြေပြစ်ခဲ့၏။ စစ်အာဏာရှင်များ အသုံးပြုမြဲ ပုံသေနည်း စစ်အာဏာရှင် များအဖို့ ၄င်းတို့ အာဏာ တည်မြဲရေး အတွက် ဆိုလျှင် ဓားစာခံကို အမြဲတမ်း ရှာထားလေ့ ရှိ သည်။ ၁၉၈၈ ခုနှစ် မတ်လနှင့် ဇွန်လ များအတွင်း က ကျောင်းသား အရေးအခင်း များဖြစ်ပွားခဲ့ရာမှ သြဂုတ်လတွင် လူထု အရေးတော်ပုံကြီး ဖြစ်ပေါ်စေ ရန်အတွက် ကျောင်းသား၊ လူငယ်များ က အင်တိုက် အားတိုက် လှုံ့ဆော် ခဲ့ကြလေသည်။ ဗိုလ်နေဝင်း ဦးဆောင်သည့် အစိုးရ၏ ညံ့ဖျင်းမှု များကြောင့် ချွတ်ခြုံ ကျနေသည့် ပြည်သူများက မဆလ အစိုးရကို စိတ်ကုန်နေ ပြီဖြစ်သော ကြောင့် လူထု အရေးတော်ပုံကြီး အပေါ် စိတ်ဝင်စား ခဲ့လေသည်။ ထိုအချိန်နှင့် တိုက်ဆိုင်စွာပင် ဇူလိုင် ၁၂ ရက်တောင် ကြီး မြို့တွင် မွတ်စလင် အမျိုးသား တစ်ဦး က မြန်မာ အမျိုးသမီးအား ဗလီမှ ပေး သည့် ဆုကြေးရသဖြင့် လက်ထပ်ယူ သည်ဟု ဆိုကာ ကုလား- မြန်မာ အဓိက ရုဏ်းကို စတင် ခဲ့သည်။ အဓိက ရုဏ်းဖြစ် ပေါ်နေသောကြောင့် တောင်ကြီး မြို့တွင် အရေးပေါ် အခြေအနေ ထုတ်ပြန်ခဲ့ သည်။ ဇူလိုင် ၁၆ ရက်တွင် ပြည်မြို့၌ ဆက်လက် ဖြစ်ပွားခဲ့သည်။ ကုလား -မြန်မာ အဓိကရုဏ်း နိုင်ငံ အနှံ့အပြားဖြစ် ပေါ်စေရန် အတွက် သေသေသပ်သပ် ရိုက်ကူးထားသည့် မွတ်ဆလင် မုန်းတီး ရေးပုံနှိပ် စာရွက်များကို လက်ဆင့် ကမ်း ဝေငှ လာကြသည်။ သို့သော် ကျောင်း သားများက ကုလား -မြန်မာအဓိက ရုဏ်း မဖြစ်ပွားစေရန် အားထုတ် ခဲ့ကြ၏။ ထို့ နောက် ဇူလိုင် ၂၈ ရက်တွင် အောင်လံ မြို့၌ အဓိက ရုဏ်းဖြစ်ပွားကာ ပုဒ်မ ၁၄၄ ကို ထုတ်ပြန်ခဲ့သည်။ အဓိကရုဏ်း ဖြစ်စေရန် အစိုးရ ဘက်မှ အပြင်းအထန် လှုံ့ဆော်မှု များကို ပြုလုပ်ခဲ့သော်လည်း နိုင်ငံရေး ရေချိန် မြင့်နေသည့် ပြည်သူများက အဓိကရုဏ်း မဖြစ်ပေါ်စေ ရန် တားဆီးနိုင်ခဲ့သည်။ ကြားဖြတ်ရွေးကောက်ပွဲအပြီး မြန်မာပြည် ရှစ်လေးလုံး အရေးတော်ပုံ အပြီး အာဏာ သိမ်းခဲ့သည့် စစ်အစိုးရ လက် ထက် တစ်လျှောက် တစ်တိုင်းပြည်လုံး ငြိမ်ဝပ် ပိပြားခဲ့သည်။ မည်သူမှ လူမျိုး ရေး ၊ နိုင် ငံရေးပြောခွင့် မရှိ၊ ၂ဝဝ၇ ရွှေဝါ ရောင် တော်လှန်ရေး ဖြစ်ပေါ်ခဲ့သည့် အချိန်အတွင်း စစ်အစိုးရက သံဃာတော် များအား ရိုက်နှက် ဖမ်းဆီး ခဲ့ပြီးနောက် ၂ဝဝ၈ နာဂစ် မုန်တိုင်းဖြစ်ကာ ပြည်သူ အများ ဝမ်းနည်း ပူဆွေးချိန်တွင် ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအား ၉၂ ဒသမ ၈ ရာခိုင်နှုန်းကျော် ထောက်ခံသည် ဟု ဆိုကာ အတည်ပြု ခဲ့သည်။ ထို့နောက် ၂ဝ၁ဝခုနှစ်တွင် ရွေးကောက်ပွဲ ကျင်းပ ခဲ့ပြီး ထိုရွေးကောက်ပွဲတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ က အပြတ် အသတ် အနိုင်ရခဲ့သည်။ ထို့နောက် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာခဲ့ပြီး NLD ပါတီ ကိုပြန်လည် စုစည်းခဲ့သည်။ ၂ဝ၁၁ ခုနှစ် အတွင်း အတိုက် အ ခံခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်နှင့် သမ္မတ ဦးသိန်းစိန်တို့ တွေ့ဆုံ ခဲ့ပြီးနောက် ၂ဝ၁၂ ခုနှစ်တွင် ပြုလုပ်သည့် ကြားဖြတ် ရွေးကောက်ပွဲတွင် NLD ပါတီက ဝင်ရောက် ယှဉ်ပြိုင်ခဲ့ သည်။ NLD ပါတီက လွတ်လပ်သည့် နေရာ ၄၄ နေရာတွင် ၄၃ နေရာ အနိုင် ရရှိခဲ့သည်။ ကြားဖြတ် ရွေးကောက်ပွဲ အပြီး ဇွန်လဆန်းတွင် ရခိုင်ပြည်နယ် ၌သာ မန်ရာဇဝတ်မှု တစ်ခုမှ စတင်ကာ ပဋိပက္ခများ ဖြစ်ပွားခဲ့သည်။ ထိုပဋိပက္ခ အတွင်း ဘင်္ဂါလီ လူမျိုး များနှင့် ရခိုင် လူမျိုး များ နှစ်ဖက်စလုံး အသေအပျောက် ရှိ ခဲ့သည်။ ပို၍ ထူးခြားသည်က တောင် ကုတ်မြို့တွင် ဖြစ်ပွားခဲ့သည့် မွတ်ဆလင် ဘာသာရေး ခေါင်းဆောင် ၁ဝ ဦးအား တောင်ကုတ်မြို့ခံ မဟုတ်သည့် လူများ ရုတ်တရက် ရောက်ရှိလာပြီး သတ်ဖြတ် လိုက်သည့် ကိစ္စပင်ဖြစ်သည်။ ရခိုင် ပဋိပက္ခ အတွင်း NLD ပါတီအား ပုတ် ခတ်စော်ကားမှု များကို စတင်တွေ့ရှိခဲ့ သည်။ ထိုပဋိပက္ခ များအတွက် စုံစမ်း စစ်ဆေးရေး ကော်မတီတစ်ရပ်ကို ဖွဲ့စည်း ကာ အစီရင်ခံ တစ်စောင် ထုတ်ပြန်နိုင် ရန်ကြိုးစား ခဲ့သည်။ ရခိုင် ပဋိပက္ခသည် ယခုမှ အသစ်ဖြစ်ပေါ်လာသည့် ပြဿနာ တစ်ရပ် မဟုတ်ဘဲ နှစ်ပေါင်း များစွာက ပြုလုပ်ခဲ့သည့် အကျင့်ပျက်၊ ခြစားမှုတို့ ၏ ဘေး ထွက်ဆိုးကျိုး တစ်ရပ်သာ ဖြစ် လေသည်။ သို့သော် ထူးဆန်းသည့် အချက် တစ်ချက်အဖြစ် ရခိုင်လူမျိုး အချို့က NLD ပါတီနှင့် ဒေါ်အောင်ဆန်းစုကြည် တို့ အား ပုတ်ခတ်စော်ကားမှု များကို စတင် ခဲ့ခြင်း ပင် ဖြစ် သည်။ ထို့နောက် ၂ဝ၁၃ ခုနှစ်၊ မတ်လ အတွင်း အရောင်း အဝယ်ပြုလုပ်ရာမှ စတင်ကာ မိတ္ထီလာမြို့တွင် လူမျိုးရေး၊ ဘာသာရေး အဓိက ရုဏ်းတစ်ခု ထပ်မံ ဖြစ်ပွားခဲ့သည်။ ထိုအဓိကရုဏ်းတွင် သံဃာတော် တစ်ပါးအား ဗလီအတွင်း သို့ဆွဲသွင်းကာ လည်လှီး သတ်ပစ်သည် ဟု စွပ်စွဲခဲ့သော်လည်း ခိုင်မာသည့် သက်သေ မတွေ့ခဲ့ရပေ။ သို့သော် လည်း သင်္ကန်း ဝတ်ဆင်ထားသည့် သူများအပါ အဝင် လူအုပ်စုကြီး တစ်စုက မွတ်ဆ လင်ဘာသာဝင် များကို အရှင် လတ်လတ် မီးရှို့ သတ်နေသည့် ဗီဒီယိုဖိုင် များတက် လာခဲ့သလို၊ အေပီသတင်း ဌာနမှ ဦးခင် မောင်ဝင်း အပါအဝင် သတင်းသမား များအား ရန်ပြုခံခဲ့ ရကြောင်းကို လည်း သိရှိခဲ့ရသည်။ သို့သော် လည်း မိတ္ထီလာ မှ ဆရာတော် တစ်ပါးက မွတ်ဆလင်များ အပါအဝင် ဒုက္ခရောက်နေ သူများကိုစောင့် ရှောက်ထားသည့် သတင်းကို လည်းတွေ့ ရှိခဲ့ရသည်။ ထို ပဋိပက္ခများသည် တစ်ခုနှင့် တစ်ခုဆင်တူ မှုများရှိနေပြီး ပဋိပက္ခဖြစ် ပွားနေချိန် အတွင်း လူမှုကွန်ရက်များ တွင် NLD ပါတီကို ပုတ်ခတ်စော်ကား မှုများ ပိုမိုပြင်းထန် လာခဲ့ သည်။ မိတ္ထီလာ ပဋိပက္ခ အတွင်း ၉၆၉ အဖွဲ့က နာမည် ကြီးလာခဲ့ပြီး မွတ်ဆလင် များပိုင်ဆိုင် သည့်ဆိုင်များတွင် ဈေးမဝယ်ရန်၊ မွတ် ဆလင် ဘာသာ ဝင်များနှင့် လက်ထပ် သဖြင့် နှိပ်စက် ခံရသည့် ဗုဒ္ဓဘာသာ ဝင် အမျိုးသမီးများ၏ အကြောင်း ဆိုကာ လူမှုကွန်ရက် များတွင် ဖြန့်ဝေခြင်းများ ပြုလုပ်ခဲ့သည်။ ထိုအချိန်တွင် ရန်ကုန်၌ လည်း ပဋိ ပက္ခဖြစ်ပွားရန် သွေးထိုးလှုံ့ဆော်မှုများ ရှိလာခဲ့သော်လည်း လုံခြုံရေး တိုးမြှင့်ကာ ထိန်းသိမ်း ခဲ့ခြင်းကြောင့် ရန်ကုန် တွင် ဖြစ်ပွား ခဲ့ခြင်း မရှိပေ။ သို့သော်လည်း ပဲ ခူးတိုင်း၊ မကွေးတိုင်း အစရှိသည့် တိုင်း နှင့်ပြည် နယ် အချို့တွင် မည်သည့်နေရာ က ရောက်လာမှန်း မသိရသည့် လူအုပ် စုတစ်စု ရာက်လာကာ ဗလီများအား မီး ရှို့ခြင်း၊ မွတ်ဆလင် ဘာသာဝင်များပိုင် ဆိုင်သည့် အိမ်များ၊ ဆိုင်များကို ဖျက် ဆီးခြင်းများကို လွတ်လွတ် လပ်လပ်စိတ် ရှိ၊ လက်ရှိ လုပ်ပိုင်ခွင့် များရခဲ့သည်။ ထို သို့ပြုလုပ်နေစဉ် အတွင်း မွတ်ဆလင် ဘာသာဝင် အချို့ကို မိတ်ဆွေ ဗုဒ္ဓဘာ သာဝင်များက ကယ်တင်ထား မှုများ လည်း ရှိခဲ့ကြောင်း ကြား သိရပြန်သည်။ ဖြစ်စဉ်များ အတွင်း အဖျက်လုပ် ရပ်များကို လုပ်ဆောင်သည့် လူအုပ်စု များ အမြဲရောက် လာသည့် အပေါ် အေအေပီပီ ၏ အထွေထွေ အတွင်း ရေးမှူး ဦးတိတ်နိုင်က ”မိတ္ထီလာက စပြီး မန္တလေး မှာဖြစ်နေတဲ့ အခြေအနေအထိ ပေါ့လေ၊ ကားတွေနဲ့ လူအုပ်စု လိုက်ကြီး ဝင်လာပြီး ရိုက်နှက်တာတွေ၊ မီးရှို့ကြ တာတွေ၊ စာရွက် စာတမ်းတွေ ဝေ တာ တွေရှိပါတယ်။ တချို့နေရာ မှာ ဆိုရင် လူသေတာတွေတောင် ရှိတယ်လေ။ သေချာတာက ကားကြီး နဲ့လာတယ်၊ကား နံပါတ်တွေ ရှိနေရဲ့သားနဲ့ ဖမ်းမမိဘူး ဆိုတဲ့ ကိစ္စ ကတော်တော်ကို သံသယဖြစ် စရာ ကောင်းပါတယ်။ ဒါကဖမ်းဖို့ သိပ် လွယ်ပါတယ်၊ ဘယ်ကကားလဲ၊ ဘယ်သူ မောင်းလဲ ဆိုတာ သိနိုင်တာပဲ။ ဒါပေမဲ့ ဒီနေ့အထိ မဖမ်းနိုင်သေးဘူး ဆိုတာက ရဲတွေ ညံ့လို့လည်း မဟုတ်ဘူး။ ယန္တရား မရှိလို့ မဟုတ်ဘူး ။သေချာတာက နောက် လက်ရှိနေလို့၊ ဒီလိုဖြစ်နေ တာ က နောက် လက်မပါရင် ဖြစ်ကိုမဖြစ်ဘူး” ဟု ဖြစ် စဉ်များ အပေါ် သုံးသပ်ခဲ့သည်။ ထို့နောက် ဆက်တိုက်ဆိုသလို လူ မှု ကွန်ရက်ဖေ့စ်ဘုတ် များတွင်ဒေါ်အောင် ဆန်းစုကြည် အား မွတ်ဆလင် အမျိုး သမီးများ ဝတ်ဆင်သည့် ခေါင်းပေါင်း၊ ဆာရီတို့ ဝတ်ဆင်ပေး ထားသည့် ဓာတ် ပုံများတင်ကာ၊ NLD ပါတီ အနိုင်ရပါက လူမျိုး၊ ဘာသာ ပျောက်ကွယ် သွားနိုင် ကြောင်းလည်း ရေးသား လာခဲ့ကာ တစ် ဆက်တည်းတွင် မျိုးစောင့် ဥပဒေပြ ဋ္ဌာန်းရေး ကြွေးကြော်သံများ ဆူညံလာခဲ့ သည်။ အသိသာဆုံး အချက်အဖြစ် သမ္မတ ရုံး ဒုဝန်ကြီး၏ ဇနီးသည် ဖြစ်သူ အသုံး ပြုသည့် လူမှုကွန်ရက် တွင် ဒေါ်အောင် ဆန်းစုကြည်အား ဆာရီဝတ်ပေးထား သောပြန်လည်ပြင်ဆင် ထားသည့် ဓာတ်ပုံ ကို ဝေမျှခဲ့သည် မှာလည်း ထင်ရှားနေ သည်။ ယခုနှစ်အတွင်း ဇွန်လ ၂၉ ရက် မှစတင်ကာ သစ်ထူးလွင် ဝက်ဘ်ဆိုက် တွင် တင်ပြထားသည့် သတင်း တစ်ပုဒ် ကြောင့် မန္တလေးမြို့တွင် အကြမ်းဖက်မှုများဖြစ်ပွား လာခဲ့ပြီး ဗုဒ္ဓ ဘာသာဝင် တစ်ဦးနှင့် အစ္စလာန် ဘာသာဝင်တစ်ဦး သေဆုံးခဲ့ ရလေသည်။ ယခုဖြစ်ပေါ်ခဲ့ သည့် အခြေ အနေ များနှင့် ပတ်သက်ပြီး စာရေးဆရာ ထက်မြက် က ”မန္တလေးဖြစ် စဉ်က ဘာသာရေးကို အကြောင်းပြုပြီး လူမျိုးရေးနွယ်တဲ့ အစွန်းရောက် အုပ်စုက ဖန်တီးတာလို့ မြင်ပါတယ်။ နိုင်ငံရေးအ ရလုပ် ကြံမှုတွေလည်း ပါနိုင်တာပဲ။ နိုင်ငံ ရေး ဖြစ်စဉ် တစ်ခုဖြစ်တဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ကို အဟန့်အတား ဖြစ်စေ ချင်တဲ့ သဘောတွေ လည်း ပါပါတယ်။ လူမျိုးရေး ပဋိပက္ခတွေ ဖန်တီး တာရဲ့ အကျိုးဆက် ကမကောင်းဘူး။ ဒါကြောင့် အစိုးရ အနေနဲ့ ပြတ်ပြတ်သားသား ကိုင် တွယ်ရ မယ်။ မန္တလေးဖြစ်ရပ်ဆိုရင် စဖြစ် ကတည်းက ပြဿနာ ပိုကြီးအောင် လုပ် သလို ဖြစ်နေတယ်။ တရားဥပဒေ စိုးမိုး မှုရှိအောင်လို့ အစိုးရက ကိုင်တွယ်သင့် တယ်။ နောက်ကွယ်က ဒီပြဿနာကို ဘာသာရေး အစွန်းရောက်တွေက လုပ် ဆောင်နေ တာဖြစ်လို့ လုံးဝဆန့်ကျင် တယ်။ အစိုးရ အနေနဲ့ ထိထိရောက် ရောက်နဲ့ ဥပဒေ စိုးမိုးရေးကိုလည်း ကိုင်တွယ်ပါ” ဟု ပြောကြားခဲ့သည်။ မြန်မာနိုင်ငံတွင် ပေါက်ကွဲလု နီးပါး ပြဿနာများမှာ အများအပြား ရှိနေခဲ့ပြီး ထိုပြဿနာများကို အာဏာရ အစိုးရက ကိုင်တွယ်ကာ လိုအပ်လျှင် လိုအပ်သလို အတိုက် အခံ များကိုထိုးနှက်ရန် စောင့် စားလျက် ရှိသည်ကိုလည်း ပြည်သူများ အားလုံး သိရှိကြသည်။ သို့သော် ရုတ် တရက် သွေးပူချိန် တဒင်္ဂတွင် စိတ်အလို ကို လိုက်ပါဆောင် ရွက် လိုက်သဖြင့် ထိခိုက် နစ်နာခံ ရသူများမှာလည်း ပြည် သူများပင် ဖြစ်ပါသည်။ ထို့ကြောင့် အသင့် ဆင်ထားသည့် ထောင်ချောက် များအား သတိရှိစွာ ရှောင်ရှားနိုင်မှ သာလျှင် မြန်မာပြည်၏ အပြောင်းအလဲက ဒီမိုကရေစီ ဘက်ကို ဦးတည် မည်ဖြစ် သည်ဟု စာရေးသူ ယုံ ကြည်မိပါကြောင်း။

No comments:

Post a Comment