Wednesday, July 16, 2014

လွတ်လပ်စွာ ရွာပါစေမိုး

ခုချိန်ထိလွတ်လပ်စွာကြေကွဲခွင့် မရနိုင်သေးတဲ့ ဇူလိုင် ရင်မှာဗလောင်ဆူအောင်ခံစား တိတ်တဆိတ်ငိုရှိုက်နေရပေမဲ့ ကြောင်သူတော်ကြွက်သူခိုးတွေကတော့ မိန့်မိန့်ကြီးအပြုံးတွေချွေလို့ ဟို ရှေ့ က ခုံ ပေါ် မှာ……. တတိတိနဲ့တိုက်စားလာခဲ့ရာက တဝေါဝေါနဲ့ပြိုကျ အငိုညတွေမဆိတ်သုဉ်းဘူး . . . အခန်းကျဉ်းထဲ တိတ်ဆိတ်သိုဝှက်ခံရအုံးမှာလားဇူလိုင်ရယ်…. အခြေမခိုင် ယိုင်နဲ့နေပါစေ ဆံဖျားလေးလှုပ်နိုင်နိုင်ရုံနဲ့ အလေးပြုတယ် ဇူလိုင်… တစ်နှစ်မှာတစ်ကြိမ်တောင် ငိုခွင့်မရတဲ့ ဒီအဖြစ်ဆိုး တစ်နှစ်မှာ တစ်ခါတောင် ဦးညွတ်ခွင့်မရတဲ့ ဒီခေတ်မျိုး တစ်နှစ်မှာ တစ်ခါတောင် လွတ်လပ်ခွင့်မရှိတဲ့ ဒီစနစ်ဆိုး ဒီအဆိုး ဒီအကျိုး ဒီလိုမျိုးတွေ ဗိုလ်ချုပ်သာသိခဲ့ရင် နောက်တစ်ခါ ပြန်သေဦးမလားပဲ …..။ ။ ၆၈ - နှစ်မြောက် ဇူလိုင် ၁၉ အား ဦးညွတ်ခြင်း ခံစားမှုအမှတ်တရကဗျာ။ နန္ဒာမင်းဝေ - ပေါ်ထွန်း(ကျောက်မီး) - ကိုမြင့်(နေလရတနာ)

No comments:

Post a Comment