Monday, July 14, 2014
အမျိုးသမီး မိမိကိုယ်ကို အဆုံးစီရင်လိုက်တယ်တဲ့
တပ်အတွင်း နေအိမ်လိုင်းခန်း အမှတ်(၄၀)တွင် ဇူလိုင် (၆)ရက်နေ့ ညနေ ၅ နာရီ ၄၅ မိနစ်အချိန်က အသက်(၁၉)နှစ်အရွယ် အမျိုးသမီး တစ်ဦးသည် မိမိကိုယ်ကို ကြိုးဆွဲချ၍ အဆုံးစီရင် သွား ခဲ့ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးမှ သိရ သည်။
သေဆုံးသူ အသက်(၁၉)နှစ်အရွယ် အမျိုးသမီးမှာ ဘုတလင်မြို့နယ်၊ ငွေမွန်ကျေးရွာတွင် နေထိုင်သူတစ်ဦး ဖြစ်သည်။ သူမသည် လွန်ခဲ့သော (၂)လခန့်မှ စတင်၍ အဆိုပါ တပ်တွင် တာဝန်ထမ်းဆောင်လျက်ရှိသော တပ်သားအဆင့်ရှိ စစ်သားတစ်ဦးနှင့် နှစ်ဦးသဘောတူ လက်မှတ်ရေးထိုး၍
ပေါင်းသင်း နေထိုင်ခဲ့ကြသည်။
ထိုသို့ ပေါင်းသင်း နေထိုင်သည်ကို သေဆုံးသူ၏ ခင်ပွန်းဖြစ်သူ စစ်သား၏ မွေးစားမိခင်မှ မန္တလေးမှလာ ရောက်ကာ သူမနှင့် သဘောမတူကြောင်း ပြောဆိုခဲ့သည့် အတွက်ကြောင့် နေအိမ်ရေချိုးခန်း တံခါးဘောင် တွင် မိမိကိုယ်ကို ကြိုးဆွဲချ၍ အဆုံးစီရင်ခဲ့ခြင်း ဖြစ်သည်ဟု ရဲစခန်း၏ မှတ်တမ်းများတွင် ဖော်ပြထားသည်။
အဆိုပါ လူသေဆုံးမှုအား မှုခင်းဆေးပညာအရ ဆက်လက်၍ စစ်ဆေး ဆောင်ရွက်နိုင်ရန် အလုံရဲကင်း စခန်း မှူး ရဲအုပ် ကျော်ဆွေက မုံရွာမြို့မရဲစခန်းတွင် သေမှုသေခင်း အမှတ်စဉ် ၂၀/၂၀၁၄ အရ အမှုရေးဖွင့်၍ ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။
Labels:
ဗဟုသုတ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment