Monday, July 14, 2014

ဘာညာစုံစမ်းရေးကော်မရှင်

“ အဖေ” “ဟေ....ဘာလဲသား” “ကျောင်းမှာ သား ခဲတံပျောက်သွားလို့” “ဟင်...မင်းဆရာမကို သွားမတိုင်ဘူးလား” “တိုင်တယ် အဖေ ပျောက်ပျောက်ချင်းပဲ သွားတိုင်လိုက်တာ” “အေး...သားတော်တယ်၊ အဲ့ဒီတော့ ဆရာမက သားခဲတံပျောက်တာကို ဘယ်လိုအရေးယူလဲ” “ဆရာမက ခေါင်းဆောင်ပြီး၊ အတန်းခေါင်းဆောင်ကို ရှာဖွေရေးအဖွဲဖွဲ့ခိုင်းတယ်အဖေ၊ အဲ့ဒီတော့ သားတို့ အတန်းခေါင်းဆောင်က အတန်းသား သုံးယောက်ကို ဆင့်ခေါ်ပြီး ဆရာမ စိတ်ကြိုက် အဖွဲဖွဲ့ရတာပေါ့” “အင်...အဲ့ဒီလို လုပ်လို့ အဆင်ပြေပါ့မလား သားရဲ့” “ပြေတယ် အဖေရ” “ဟုတ်ရဲ့လား....ဘယ်လိုပြေတာတုန်း” “သားတို့ အတန်းခေါင်းဆောင်က အတန်းထဲမှာရှိတဲ့ လူတွေရဲ့ အိတ်တွေကို စစ်ဆေးပြီး ဆရာမဆီကို စစ်ဆေးပြီး ရလာတဲ့ အဖြေကို စာတင်ရတယ်အဖေရဲ့” “အဲ့ဒီတော့ သားခဲတံပြန်တွေ့ရောလား” “တွေ့တော့ မတွေ့ဘူးအဖေ....ဒါပေမယ့် သားကျေနပ်တယ်” “ဟင်....ဘယ်လိုကြီးတုန်း သားရဲ့” “အတန်းခေါင်းဆောင်ရဲ့ အစီရင်ခံစာအရ....သားရဲ့ခဲတံဟာ အိမ်ကနေ ကျောင်းအထိ ပါလာတာ မသေ ချာကြောင်း၊ သေချာပါကလည်း မည်သူတစ်ဦးတစ်ယောက်ဆီမှာမှ မတွေ့သောကြောင့် အတန်းထဲ တွင်ေ ပျာက် တာမဖြစ်နိုင်ကြောင်း၊ အတန်းထဲတွင် ပျောက်တာမဖြစ်နိုင်သောကြောင့် အခြားနေရာများကို စဉ်း စား ကြည့်သောအခါ ကာယကံရှင် အားမေးမြန်းချက်အရ မည်သည့် နေရာကိုမှ မယူ သွားကြောင်း ထွက် ဆိုခြင်းေ ကြာင့် အတန်းထဲရှိထောင့်တစ်နေရာများကျနေနိုင်ကြောင်း၊ သို့သော် တစ်ခန်းလုံး အားပိုက်စိပ် တိုက် ရှာကြည့်သောအခါ မည်သည့်နေရာမှ ရှာမတွေ့သောကြောင့် ထိုစဉ်းစားချက်မှာလည်း မဖြစ်နိုင်ေ ကြာင်း၊သို့ဖြစ်ပါသောကြောင့် ပျောက်ဆုံးသွားသောခံတံအားရှာဖွေရန် ပြီးမြောက်ဖို့ အတွက် အောက်ပါ အချက်များ ထဲမှ နည်းလမ်းတစ်ခုအားဆောင်ရွက်သင့်ကြောင်း ဆရာမအား အကြံပြုအပ်ပါသည်။ (1) ပျောက်ဆုံးသွားသောခဲတံအားအသစ်ပြန်ဝယ်ပေးခြင်း (2) ထိုပျောက်သွားသော ခဲတံအား ထပ်မံရှာဖွေရန် လုံလောက်သော လူအင်အား ထပ်မံဖြည့်တင်းပေးရန် (3) ပျောက်သွားသောခဲတံအား ထပ်မရှာပဲ နေခြင်း တို့ ဖြစ်ပါသည်။ လို့ ဆိုထားတယ်အဖေ” “ဟ...မင်းတို့ ဟာက ရှည်လျှားလှပါလား၊ ပျောက်နေတဲ့ ခဲတံလည်း ပြန်မတွေ့ဘူး၊ ဖတ်ရတာကလည်း ဘာကို ဆိုလိုမှန်းမသိဘူး” “ ဒါပေမယ့် သားကျေနပ်တယ် အဖေ” “မင်းကလည်း ကျေပဲ ကျေနပ်နေတာပဲ....ဒီလောက်တောင် ကျေနပ်နေတာ ဘာကို ကျေနပ်တာလဲ” “အဖေပဲ စဉ်းစားကြည့်လေ” “အင်း...ငါက ဘာကိုစဉ်းစားရမှာလဲ” “သားခဲတံပျောက်သွားလို့ ဘာမှ မလုပ်ပေးတာထက်စာရင်၊ အခုလို သားအတွက် အစီရင်ခံစာ အရှည်ကြီး ဖတ် ရတော့ သားတန်တာပေါ့အဖေရဲ့ ၊ ပြီးတော့ ရှာနေတဲ့ အချိန်တွေမှာ သားတို့ စာ မသင်ရ ဘူးလေ.. .အဲ့ ဒါကျေနပ်စရာပေါ့ အဖေရဲ့...အဖေက ဒါလေးတောင်မသိဘူး” Credit : သရော်စာ - satire

No comments:

Post a Comment