Wednesday, July 23, 2014

တောင်ငူ ဆင်စခန်းမှာ ဇာတ်ဝင်ခန်းသွား ရောက်ရိုက်ကူးခဲ့တဲ့ မှော်ကျောက်စာ

Myanmar Media 7 ရုပ်ရှင်ထုတ်လုပ်ရေးက စီစဉ်ပြီး ဒါရိုက်တာ ဝင်းထွန်းထွန်းအနုပညာပုံဖော်ရိုက်ကူးတဲ့ မှော်ကျောက်စာ ရုပ်ရှင်ဇာတ် ကားကြီးကို တောင်ငူ ဆင်စခန်းမှာ သွားရောက်ရိုက်ကူးခဲ့ကြောင်း သိရပါတယ်။ အခုရိုက်ကွင်းက မှော်ကျောက်စာရုပ်ရှင်ဇာတ်ကားကြီးရဲ့ ဇာတ်လမ်းဇာတ် ဝင်ခန်းအရ ဘုရင်နှစ်ပါး စီးချင်းထိုး ပြိုင်ကြတဲ့ အခန်းနေရာကို ရိုက်ကူးကြ တာဖြစ်ပါတယ်။ ဒီဇာတ် ဝင်ခန်းဇာတ်လမ်းဇာတ်ရုပ် အနုပညာပုံဖော်ရိုက်ကူးဖို့ ဆင်ဦးစီးများပါရှိတဲ့ ဆင်ကောင်ရေ ၆၆ ကောင်နဲ့
လူအင်အားများစွာကို ထည့်သွင်း အသုံးပြုကာ ရိုက်ကူးခဲ့ကြတာဖြစ်ပါတယ်။ ဒီ မှော်ကျောက်စာ ရုပ်ရှင်ဇာတ်ကားကြီးကို ရန်ကုန်၊ ပျဉ်းမနား၊ တောင်ငူမှာ ရိုက်ကူးပြီး စီးသွား ပြီ ဖြစ်ပြီး အခုလက်ရှိမှာတော့ ပြင်ဦးလွင်မြို့ဆီ သွားရောက်ကာ ဆက် လက်ရိုက်ကူးနေကြောင်းလည်း သိရပါတယ်။ ဒီဇာတ်ကားကြီးထဲမှာ မြင့်မြတ်၊ သူထူးစံ၊ ဖြိုးငွေစိုး၊ ထွန်းထွန်း၊ ရွှေမှုံရတီ၊ မေမြင့်မိုရ်၊ ထိုင်းသရုပ်ဆောင်Loon နဲ့May တို့ ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

No comments:

Post a Comment