Saturday, August 16, 2014

အချိန်လွန်မှရတတ်သည့်မိဘတန်ဖိုး

သမီးရေ.......အိပ်ယာထတော့လေ။ ကျောင်းသွားရမယ်မလား။ "

အမေ့ရဲ့ အော်သံကြောင့် မျက်စိများ ပွင့်ခဲ့ရပါပြီ။ အမြဲတမ်း လုပ်နေကျအတိုင်း အိပ်ယာကနေ နိုးနိုးချင်း မှန်တွေ ကွဲအက်နေတဲ့ နံရံကပ် နာရီကို လှမ်းကြည့်လိုက်ပါတယ်။ နာရီကို ကြည့်ပြီးတာနဲ့ ကျွန်မဟာ မျက်မှောင်ကြုတ်ရင်း အမေ့ကို ဘာလို့ ခုမှ နှိုးတာလဲ..နောက်ကျကုန်ပြီ...စိတ်တိုဘို့ ကောင်းလိုက်တာ ဆိုပြီး အော်ပြောလိုက်ပါတယ်။ ပြီးတော့ အခန်းတံခါးကို ဒုန်းခနဲ မြည်အောင်ဆောင့် ပိတ်ပြီး ကျောင်းသွားဘို့ အလောတကြီးနဲ့ ပြင်ဆင်နေခဲ့ပါတယ်။ (မှတ်ချက်။ ကိုရီးယားမှ အထက်တန်းကျောင်း၊ အလယ်တန်းကျောင်းများမှာ ကျောင်းနောက်ကျလျှင် ပြင်းပြင်းထန်ထန် အပြစ်ပေးတတ်ပါသည်။) အားလုံးပြင်ဆင်ပြီး ကျောင်းသွားဘို့ အိမ်ကထွက်မည်အလုပ်တွင် ကျွန်မနောက်ကနေ အမေ့အသံကို ကြားလိုက်ရပါတယ်။

"သမီး~~တောင်းပန်ပါတယ်ကွယ်...အမေ သိပ်နေမကောင်းလို့ပါ။ "

ဒီအသံကို ကြားတာနဲ့ ကျွန်မလဲ သိပ်စိတ်မရှည်တာနဲ့...

Wednesday, August 13, 2014

ချစ်သူစုံတွဲ များ အတွက် ဆော့ဝဲ လေးပါ

ချစ်​သူ​အတွ​က်​ romance ဆန်​ဆန် ​လေး​တွေလုပ်​​ပေး ချင်​တဲ့ သူ​တွေ ချစ်​သူနဲ့ ပတ်​သက်​သမျှ​လေး ​တွေ မှတ်​ထားချင်​တဲ့ သူ​တွေ အတွက်​ ပါ ​ဆော့ဝဲလ်​ထဲမှာ ချစ်​သူနဲ့ ပတ်​သက်​တဲ့ Diaries ​လေး​တွေ Birthday Anniversary Day

Tuesday, August 5, 2014

Pirates ဆိုတဲ့ ပင်လယ်ဓားမြဂိမ်း



ပုံလေးကိုကြည့်လိုက်တာနဲ့တစ်ခေတ်တစ်ခါကနာမည်ကြီးခဲ့တဲ့ ဘယ်ကားထဲကဘယ်ကောင်ဆိုတာ
အကုန်လုံးပြေးမြင်မိကြမှာပါ ။

ဖုန်းဂိမ်းအသစ်လေးပါ

ဒီကောင်လေးကတော့ တင့်ကားကြီးတွေ သံချပ်ကာကားကြီးတွေနဲ့ရန်သူစခန်းတွေနဲ့ရန်သူတွေကို
ဖြိုခွင်းတိုက်ခိုက်ရတဲ့စစ်ဂိမ်းလေးပါပဲ ။ hack ပြီးသား Unlimited Coins ဂိမ်းလေးဖြစ်တဲ့အတွက် အခန်းတွေလက်နက်တွေကားကြီးတွေကိုမိမိလိုသလိုကျော်ပြီးအသုံးပြုနိုင်ပြီးစစ်တိုက်တာဝါသနာပါတဲ့
ဘော်ဒါတွေအတွက်အရမ်းကစားလို့ကောင်းတဲ့ဂိမ်းလေးပါပဲ

ပိုတိုရှော့ရဲ့ ဓာတ်ပုံဘောက်လှလှလေး ပန်းလေးနဲ့ လုပ်ကြည့် မယ်











ပိုတိုရှော့အတွက်အသင့်ပြုလုပ်ထားပါတယ်ဗျာ နောက်ခံ ဓါတ်ပုံတွေက ပန်းကလေးတွေကို ထားပြီး

Wednesday, July 23, 2014

ဦးဆန်းဆင့်ကို နိုင်ငံတော် အကြည်ညို ပျက်စေမှုဖြင့် ထပ်မံအရေးယူ

သာသာနာရေး ၀န်ကြီးဌာနပိုင် ငွေကြေးများကို အလွဲသုံးစားလုပ်သည်ဆိုသောစွပ်စွဲချက်ဖြင့် အမှုဖွင့် အရေးယူခံထား ရသော သာသနာရေး ၀န်ကြီးဟောင်းဦးဆန်းဆင့်ကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄(က)ဖြင့် ထပ်မံ၍ အမှုဖွင့် လိုက်ကြောင်း သိရှိရသည်။ ယနေ့ ဦးဆန်းဆင့်ကို နေပြည်တော်၊ ဒဏ္ခိဏခရိုင်တရားရုံးတွင် ရုံးထုတ်စစ်ဆေးခဲ့ပြီး ယင်းသို့ရုံးထုတ်စစ်ဆေးစဉ် နိုင်ငံ တော် အကြည်ညိုပျက်စေမှုဖြင့် အမှုဖွင့်ထားသည်ကိုပါ သိရှိခဲ့ရခြင်းဖြစ်ကြောင်း ဦးဆန်းဆင့်၏ ရှေ့နေဖြစ်သူ ဦးတင်ထွန်း က ဧရာဝတီသို့ပြောသည်။ “အရင်ဆွဲထားတဲ့ ပုဒ်မ ၄၀၉ ကတော့ ယုံကြည်လို့ အပ်နှံထားတာကိုဖောက်ဖျက်တာ။ အခု ပုဒ်မ ၁၂၄(က) ကျတော့ နိုင်ငံတော် ကို အကြည်ညိုပျက်အောင်လုပ်တယ်။ အားပေးတယ်ဆိုပြီး ဆွဲတာ ။

ထိုင်း-မြန်မာ နယ်စပ်မှာ မူးယစ်မှောင်ခို သမားတွေ ဖမ်းမိ

ထိုင်း-မြန်မာနယ်စပ် ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နယ်မှာ ကျပ်သိန်း ၂၀၀၀ ကျော်တန် မူးယစ်ဆေးဝါးတွေ သယ် လာ တဲ့ မူးယစ်ကုန်သည်တွေကို တာချီလိတ်မြို့နယ် မူးယစ်ဆေးဝါး ဖမ်းဆီးနှိမ်နှင်းရေး အထူးရဲတပ်ဖွဲ့နဲ့ နယ်မြေခံ ပူးပေါင်းတပ်ဖွဲ့တွေက ဖမ်းဆီး လိုက်ကြောင်း သတင်းရရှိပါတယ်။ ဇူလိုင်လ ၁၉ ရက် ညနေက ပန်ကူ ကျေးရွာကနေ တာချီလိတ်မြို့ ဘက်ကို မောင်းနှင်လာတဲ့ VIGO အမျိုးအစား အဖြူရောင် ကား ကို တားဆီးစစ်ဆေးခဲ့ရာမှာ မူးယစ်ကုန်သည်တွေနဲ့ အတူ စုစုပေါင်း ကာလတန်ကျေး ကျပ်သိန်း ၂၂၉၆ သိန်း ရှိတဲ့ ဘိန်းဖြူဘလောက်တုံးတွေ၊ မူးယစ်ဆေးဝါးနဲ့ ဆက်စပ်တဲ့ ငွေကြေးတွေဖမ်းမိခဲ့တာ ဖြစ်တယ်လို့ မူးယစ်ဆေးဝါးဖမ်းဆီး နှိမ်နှင်းရေး အထူး ရဲတပ်ဖွဲ့ က ဧရာဝတီကို ပြောပါတယ်။

လေပြင်း တိုက်ခတ်မှုကြောင့် ဧရာဝတီတိုင်းတွင် နေအိမ် ၂၀ ကျော် ပျက်စီး

ဧရာဝတီတိုင်း ဒေသကြီး အတွင်းရှိ သာပေါင်း၊ ဓနုဖြူ၊ ပန်းတနော်နှင့် မြောင်းမြမြို့နယ်များ၌ ပြီးခဲ့သည့် ရက်အတွင်း မိုးသည်း ထန် စွာ ရွာသွန်းပြီး လေပြင်းများ တိုက်ခတ်ခဲ့ရာ နေအိမ် ၂၄ လုံး ပျက်စီးခဲ့ကြောင်း သတင်းရရှိသည်။ ဇူလိုင် ၂၁ ရက်က လေပြင်းတိုက်ခတ်မှုကြောင့် သာပေါင်းမြို့နယ်တွင် အိမ် ၁၃ လုံး၊ ဓနုဖြူမြို့နယ်တွင် အိမ် ၁၀ လုံး၊ မြောင်းမြမြို့နယ်တွင် လူမနေ သည့် တိုက်ခန်းတခုနှင့် ပန်းတနော်မြို့နယ်တွင် စာသင်ကျောင်းနံရံတခု ပြိုကျပျက်စီးမှု ဖြစ်ပွားခဲ့ကြောင်း

ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြန်လည်ရင်ကြားစေ့ဖို့ ဦးသိန်းစိန် ကြိုးပမ်းလေသလား

စစ်အစိုးရရေးဆွဲခဲ့တဲ့ ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် သမ္မတ ဦးသိန်းစိန်၊ လွှတ်တော် နာယက သူရဦးရွှေမန်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် ကြီးသုံး ကြီးနဲ့ ဒေါ်အောင်ဆန်း စုကြည်တို့ ဆက်ဆံရေး မပြေလည်ချိန်မှာ သမ္မတ ဦးသိန်းစိန်အနေနဲ့ ဒေါ်အောင်ဆန်း စုကြည်နဲ့ ပြန်လည် ထိတွေ့ဆက်ဆံဖို့ ကြိုးစားမှုတချို့ ရှိလာတာကို တွေ့လာရပါတယ်။ ဇူလိုင်လ ၁၂ ရက်နေ့ မကွေးတိုင်း၊ ပခုက္ကူ မြို့နယ်မှာ ပြုလုပ်ခဲ့တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဟောပြောပွဲမှာ ဒေါ်အောင် ဆန်းစုကြည်က သမ္မတ ဦးသိန်းစိန်၊ သူရဦးရွှေမန်းနဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့ကို တိုင်းပြည် နဲ့လူမျိုးအတွက် ထောက်ထားကြဖို့၊ စေတနာရှိကြောင်း ပြသဖို့

သံတော်ဆင့် အယ်ဒီတာများကို ထပ်မံခေါ်ယူ စစ်ဆေးမည်

ရဲသတင်း အထူးတပ်ဖွဲ့က မြန်မာ သံတော်ဆင့် အယ်ဒီတာ ၃ ဦးကို ရန်ကုန်မြို့၊ အောင်သပြေ ရဲရိပ်သာသို့ ယနေ့ နံနက် ၁၀ နာရီမှ နေ့လည် ၂ နာရီအထိ ဂျာနယ်ပိုင်ဆိုင်မှုနှင့် ဂျာနယ်လည်ပတ်သည့် ပုံစံများကို ခေါ်ယူ စစ်ဆေးခဲ့ပြီး နောက်တကြိမ် ထပ်မံခေါ်ယူမေးမြန်းရန် ချိန်းဆိုထားကြောင်း သိရသည်။ သံတော်ဆင့် ဂျာနယ် ထုတ်ဝေသူနှင့် အယ်ဒီတာချုပ် ဦးကျော်စွာဝင်း၊ ဒု အယ်ဒီတာချုပ် (သုတေသန) ဦးဆန်းဝင်းထွန်းနှင့် တာဝန်ခံ အယ်ဒီတာ (ပြင်ပဆက်ဆံရေး) ဦးအောင်ကိုကိုတို့ ၃ ဦးကို မြန်မာနိုင်ငံ ရဲသတင်း အထူးတပ်ဖွဲ့က ခေါ်ယူ စစ်ဆေးခဲ့ခြင်းဖြစ်ပြီး စုံးစမ်းစစ်ဆေးမှု မပြီးပြတ်ဟုဆိုကာ ဇူလိုင်လ ၂၄ ရက်နေ့ ည ၇ နာရီသို့ ထပ်မံချိန်းဆိုလိုက်ကြောင်း သိရသည်။ “သတင်းတွေ ဘယ်လိုပို့လဲ၊ ဘယ်လိုယူလဲဆိုတာ မေးတယ်။ ဒီဂျာနယ်က ဘယ်သူ ပိုင်တာမျိုးတွေ မေးတယ်။ အချက်အလက်စုတဲ့ သဘောမျိုး မေးနေတာ။ ဂျာနယ်ကို ကြံ့ခိုင်ရေးပါတီ အသိုင်းအ၀ိုင်းကဆိုပြီး ထင်တာမျိုးလည်း ရှိတယ်။ ဦးဆန်းဆင့်

ချစ်စရာနံနက်ခင်း

သာယာလှတဲ့နံနက်ခင်းမှာ ငှက်ကလေးများတသာသာ ကြက်ဖကြီးလဲတွန်သံပေး နံနက်ရောက်လို့လေ သောက်တော်ရေချမ်းကပ်လို့ဗျာ

အထူးအဆန်းသတင်းလေး

ယုဇနပလာဇာမှာ ညညဆို သရဲအရမ်းခြောက်နေတ်ာတဲ့။ ဈေးလုံခြုံရေးတွေ လုံးဝအိပ်လို့မရအောင် ခြောက်နေတာတဲ့။ နောက်ဆုံး ဆရာတော်ကြီးများပင့်ပြီး အသံမဆဲ ပဋ္ဌာန်းပွဲ ကျင်းပပါတယ်။ (၅)ရက်တိုင်တိုင်ပါ။ ဒီနေ့မှာတော့ ပဋ္ဌာန်းပွဲ အောင်မြင်စွာနဲ့ပြီးဆုံးပါတယ်။ ဇတ်လမ်းက ဒီမှာစတော့တာ ပဋ္ဌာန်းပွဲ အပြီးရေစက်ချ အမျှဝေနေတုန်း တရားနာနေတဲ့ ရှေ့ဆုံးက အမျိုးသမီးကြီးဟာ ယိမ်းထိုးသွားပြီး အားးးးးးး အားးးးးးးး

ညောင်ပင်ပေါ်က လင်ဗန်း (၁) (သူရဲ မကြောက်တတ်သူများသာ ဖတ်ရန်)

မှတ်မှတ်ရရ လွန်ခဲ့ တဲ့ ၂ နှစ်လောက်ကပါ။ ကျွန်တော် သူငယ်ချင်း (အလင်း)ရဲ့ အဖေက မေမြို့ အလွန်၊ မဟာအံ့ထူးကံသာ ဘုရားနားမှာရှိတဲ့ သူ့ရဲ့ခြံဟောင်းတစ်ခုကို ပြန်ဖေါ်တယ်။ ဥယျာဉ်ခြံစိုက်ဖို့လေ။ အဲဒီခြံက ၀ယ်ထားတာတော့ ကြာပါပြီ။ ဒါပေ့မယ် လူမနေ သူမနေဆိုတော့ဗျာ တော်တော်ကို ခြံက ရှုပ်နေတာ။ အဲဒါနဲ့ သူခြံကို ရှင်းဖို့ အရေး ကျွန်တော် ရန်ကုန်မှာ ရှိနေတဲ့ ကျွန်တော်ကို လှမ်းခေါ်တယ်။ ကျွန်တော်ကလည်း အားနေတဲ့ အချိန်ဖြစ်တော့ သွားကူတယ် ဆိုပါတော့ ။ မကူလို့လည်း မဖြစ်ပြန်ဘူးခင်ဗျ။ သူက ကျွန်တော် ငယ်ငယ်ကတည်းက အမွေစား၊ အမွေခံ

( အဖေကြီး ဦးမြခင်၏( အာစရိယသြဝါဒ ) ရွှေရင်ကျော်ဂိုဏ်း

( အဖေကြီး ဦးမြခင်၏( အာစရိယသြဝါဒ ) ငါ့သား ငါ့မြေတို့ တို့ဂုဏ်းသည် ငါ့အဖေ ဂိုဏ်း ပညာသည် ဆရာတော်ကြီးများအ စဉ်အဆက်ရှိစည့်အတိုင်း (စ မ ) သုံးဂိုဏ်း သာလျှင်ဖြစ်သည့်အတိုင်း အင်း ဆေးလက် ဖွဲ့ ဓာတ်လုံး မသုံးရ မယူရ မိမိပညာသာ လျင်

ပယောဂ စမ်းသပ်နည်း စမ်းသပ်ကွက် များ

အနယ်နယ် အရပ်ရပ် မှ ရွှေရင်ကျော်တပည့်ညီကိုများ ပယောဂ မစမ်းသပ်တတ်ရင် လုပ်နိုင်အောင်လို့ ပါ ပုတ်ဆော်နံ သရဲ မကောင်းဆိုးဝါး ညှီဆော်နံ ရွှာသူ စုန်း စိမ်းရွှေရွှေနံ အစိမ်း နနွင်းနံ မီးနေသည့် အစိမ်း ရေမွှေးနံ နတ်တိုက် မိုင်းကိုင်စက္ကူနံ ဆရာ(အောက်လမ်းပညာရှင်) နသဖြူနံ အဖ ဘက်ရိုးရာ ကရမတ်နံ အမိဘက်ရိုးရာ တောင်ကတိုးနံ့ နှင့်အပုတ်နံ့ နံ

ကံနိမ့် ကံမြင့်

ရွှေရင်ကျော် ပညာမှာ အဆင့်(၉)ဆင့်ရှိပါတယ်. ယခုပညာဟာ တစ်ကယ်တော့ မျက်စိနဲ့မမြင်နိုင်တဲ့ magic လို့ခေါ်တဲ့ စိတ်ပညာရပ်ဖြင့် ကုသရတဲ့ပညာပါ. တစ်ချို့ကပြောကြပါတယ်. ဘုရား၊ တရား၊ သံဃာ ကိုသာ အမြဲသတိရနေ ဘယ်အောက်လမ်းမှ လုပ်မရဘူးဆိုတဲ့ အစွဲတစ်ခုပါ. တစ်ကယ်တော့ လူတစ်ယောက်မှာ ကံနိမ့်တဲ့အချိန်ရှိသလို ကံမြင့်တဲ့ အချိန်လည်းရှိပါတယ်. ကံမြင့်နေတဲ့အချိန်မှာ ဘာမှလုပ်မရပေမယ့် ကံနိမ့်နေတဲ့ အချိန်မှာ အောက်လမ်း

တောင်ငူ ဆင်စခန်းမှာ ဇာတ်ဝင်ခန်းသွား ရောက်ရိုက်ကူးခဲ့တဲ့ မှော်ကျောက်စာ

Myanmar Media 7 ရုပ်ရှင်ထုတ်လုပ်ရေးက စီစဉ်ပြီး ဒါရိုက်တာ ဝင်းထွန်းထွန်းအနုပညာပုံဖော်ရိုက်ကူးတဲ့ မှော်ကျောက်စာ ရုပ်ရှင်ဇာတ် ကားကြီးကို တောင်ငူ ဆင်စခန်းမှာ သွားရောက်ရိုက်ကူးခဲ့ကြောင်း သိရပါတယ်။ အခုရိုက်ကွင်းက မှော်ကျောက်စာရုပ်ရှင်ဇာတ်ကားကြီးရဲ့ ဇာတ်လမ်းဇာတ် ဝင်ခန်းအရ ဘုရင်နှစ်ပါး စီးချင်းထိုး ပြိုင်ကြတဲ့ အခန်းနေရာကို ရိုက်ကူးကြ တာဖြစ်ပါတယ်။ ဒီဇာတ် ဝင်ခန်းဇာတ်လမ်းဇာတ်ရုပ် အနုပညာပုံဖော်ရိုက်ကူးဖို့ ဆင်ဦးစီးများပါရှိတဲ့ ဆင်ကောင်ရေ ၆၆ ကောင်နဲ့

တာတေကြီး

အမျိုးသားရုပ်ရှင်လုပ် ငန်းကြီး ပေါ်ပေါက်လာပြီးနောက် အရှိန်ရလာချိန်တွင် ဇာတ်လမ်း အမယ် ပေါင်းစုံရိုက်ကူးခဲ့ကြရာ၊ ယင်းတို့တွင် ဘုရားသမိုင်း၊ သိုက် သမိုင်းနှင့် သွေးစုပ်ဖုတ်ကောင် ဇာတ်လမ်းများကိုလည်း ရိုက်ကူး ခဲ့ကြသည်။ဖော်ပြပါ ဇာတ်လမ်း အမျိုးအစား ဇာတ်ကားများကို ရုပ်ရှင်အစောပိုင်း ခေတ်ကသာ မက လွတ်လ ပ်ရေးရပြီး နောက် ပိုင်း အသံတိတ်ခေတ်မတိမ် ကောမီ အချိန်နှင့် အသံထွက် ခေတ်သို့ ကူးပြောင်းပြီး နောက် ပိုင်း ၁၉၆၂ခုနှစ်အထိ မြို့နှင့် တောနယ်များပါမကျန် ခေတ် စားခဲ့ဖူးသည်။ ဘုရားသမိုင်း၊ သိုက် သမိုင်းနှင့် သွေးစုတ်ဖုတ်ကောင် ဇာတ်ကားများ ရိုက်ကူးရာတွင် မပါမဖြစ်သော ဇာတ်ကောင်တို့ မှာ စုန်း၊ ကဝေ၊ တစ္ဆေ၊ သရဲ၊ ဘီလူး၊ ဇော်ဂနီ၊ ဇော်ဂနက်၊ စက်ကြိုးရှင်စသည်တို့ ဖြစ်သည်။ ယင်းမကောင်းဆိုးဝါး ဇာတ် ကောင်များ၏ ရုပ်ဆင်း သဏ္ဌာန် ကို ဖန်တီးရာတွင် မိတ်ကပ်ဖြင့် သော်လည်းကောင်း၊

Saturday, July 19, 2014

ပန်းများပွင့်ဝေ

အို အဖ ဗိုလ်ချုပ် အဖ ပေးခဲ့တဲ့ မြေ ခု တော့

Friday, July 18, 2014

***မောင့်ကို…..ချစ်တယ်***

လွမ်းနေမိတယ် မောင်ရေ ရင်မှ အလွမ်းးးတမ်းတခြင်းတွေ.. ချစ်သော မောင်တစ်ယောက်သိပါစေ မောင့်အပြန်လာ စောင့်ခါကြိုနေမည် ကျွန်မချစ်သူမောင်…. ပင်ပန်းသမျှ….တမ်းတခြင်းတွေ .. ဝေးဝေးပြေးလွင့်…

Wednesday, July 16, 2014

မရေ၇ာသောအချစ်တစ်ခု

ချစ်သူ ငါလိုအပ်တဲ့ဘ၀တစ်ခုက ပန်းခင်းလမ်းမဟုတ်ပဲ ဆူးခင်းလမ်းဖြစ်နေပါစေ ငါမကြောက်ပါဘူး ဒါပေမဲ့ ငါလိုအပ်တဲ့အချစ်တစ်ခုကတော့ အမြဲတမ်း သစ်ရိပ်ကလေးလို အေးချမ်းနေတာကိုပဲ ငါလိုချင်တာ အေးချမ်းလှတဲ့ရာသီမှာ ပူပြင်းလွန်းအားကြီးတဲ့ အလွမ်းဆိုတဲ့အရာကြီးကို ငါ့ကိုထွေးပိုက်မထားခိုင်းပါနဲ့ ပစ်ချလို့မရ စုတ်ဖြဲပစ်လို့မရတဲ့ အရာတစ်ခုဖြစ်နေလို့ပါ နင်အတွက်တော့ ဘယ်အရာမဆို ရယူဖို့လွယ်ကူပေမယ့် ငါ့အတွက်တော့ ဘာနဲ့မှ အစားထိုးမရတဲ့လူတစ်ယောက်ဖြစ်နေလို့ပါ

လွတ်လပ်စွာ ရွာပါစေမိုး

ခုချိန်ထိလွတ်လပ်စွာကြေကွဲခွင့် မရနိုင်သေးတဲ့ ဇူလိုင် ရင်မှာဗလောင်ဆူအောင်ခံစား တိတ်တဆိတ်ငိုရှိုက်နေရပေမဲ့ ကြောင်သူတော်ကြွက်သူခိုးတွေကတော့ မိန့်မိန့်ကြီးအပြုံးတွေချွေလို့ ဟို ရှေ့ က ခုံ ပေါ် မှာ……. တတိတိနဲ့တိုက်စားလာခဲ့ရာက တဝေါဝေါနဲ့ပြိုကျ အငိုညတွေမဆိတ်သုဉ်းဘူး . . . အခန်းကျဉ်းထဲ တိတ်ဆိတ်သိုဝှက်ခံရအုံးမှာလားဇူလိုင်ရယ်…. အခြေမခိုင် ယိုင်နဲ့နေပါစေ ဆံဖျားလေးလှုပ်နိုင်နိုင်ရုံနဲ့ အလေးပြုတယ် ဇူလိုင်… တစ်နှစ်မှာတစ်ကြိမ်တောင် ငိုခွင့်မရတဲ့ ဒီအဖြစ်ဆိုး တစ်နှစ်မှာ တစ်ခါတောင် ဦးညွတ်ခွင့်မရတဲ့ ဒီခေတ်မျိုး တစ်နှစ်မှာ တစ်ခါတောင် လွတ်လပ်ခွင့်မရှိတဲ့ ဒီစနစ်ဆိုး ဒီအဆိုး ဒီအကျိုး ဒီလိုမျိုးတွေ ဗိုလ်ချုပ်သာသိခဲ့ရင် နောက်တစ်ခါ ပြန်သေဦးမလားပဲ …..။ ။ ၆၈ - နှစ်မြောက် ဇူလိုင် ၁၉ အား ဦးညွတ်ခြင်း ခံစားမှုအမှတ်တရကဗျာ။ နန္ဒာမင်းဝေ - ပေါ်ထွန်း(ကျောက်မီး) - ကိုမြင့်(နေလရတနာ)

ရာသီ အလွမ်း

မိုးရာသီ တဲ့ စိုတိစိုစွတ် အေးတိအေးစက် ပေမယ့်  အလွမ်းတွေ ပိုက်စိတ်တိုက် တစ်စက် တစ်စက် နဲ့  ကျတဲ့ ရေစက်လို အလွမ်းတွေ လည်း တစ်စက်တစ်စက် မိုးသဲညတွေ ဆို ဆောက်တည်ရာ မရတဲ့ ငါ့စိတ်ဓာတ်တွေသာ ရူးသွပ်မှောင်မိုက်လို့  စိတ္တဇ နဲ့  မိုးနဲ့  အပြိုင် ငါ့မျက်ရည် မိုးတွေလည်း စိုလို့  ရွဲ လို့ ပေါ့ ... တစ်ဝုန်းဝုန်း တိုက်တဲ့ လေကြမ်းနဲ့  တချိန်က ပတ်သတ်ဖူးတဲ့ တို့ နှစ်ယောက် အချစ်က ဘယ်လို ကြိုးစားပြီးတော့ မေ့လိုက်ရမှာမလဲ .. တမ်းတ စိတ်က တားဆီးမရ ဒီ မိုး နဲ့  အတူ စီးဝင် ခဲ့တဲ့ အတိတ်က ဘ၀ . ခုတော့ လွမ်းလို့  ဖေးမ မဲ့ သူမဲ့ လို့  ညည အိမ်မရ အိပ်ဆေးပုလင်းကို လက်မှာ ဆုပ်ကိုင် မျက်ရည် ၀ဲလို့  .. လွမ်းနေဆဲပါ ... တစ်ချိန်က မိုးရယ် .....

မိုးသင်းနံ့ 

တစ်ညီတစ်ညွတ်ထဲ ခုန်ဆင်းလာတော့မှာလား မိတ်ဆွေကြီးတို့ ... ရှေ့ တော်ပြေး လေနုအေးက ရင်တစ်ခုန်လုံး စူးရှအောင် မြေသင်းနံ လေးကလည်း သင်းလျှက် ပေါ့ ... တစ်ရိပ်ရိပ်နဲ့  မိုးရိပ် ညိုမှိုင်း လျှက် မှောင်မိုက်လျှက်ညအတိ မှာ လပျောက်လို့  အလွမ်းတွေလည်း ဖော်ဆောင် ရသတွေလည်း အောတိုက်လျှက်ပေါ့ တစ်ဖျောက်ဖျောက် ကျတဲ့ မိုးဖွဲ့  လေးနဲ့  မိုးသင်းရနံလေး ၀အောင် ရှူရိုက် မိတိုင်း ကဗျာ တစ်ပုဒ်ရေး ဖြစ်တယ် မိုးရယ် ...

အချစ်ရဲ့ လှည့် စားမှု

ငါက အချစ်ကို လိုက်ရှာပေမယ့် အချစ်က ငါ့ကို ပုန်းနေတယ် ငါက အလွမ်းကို ပုန်းနေပေ့မယ့် အလွမ်းက ငါ့ကို တွေ့ သွားတယ် လှိုင်းတင်သွားတဲ့ သောင်ကမ်းလို ရေကျချိန်မှာတော့ ကမ်းမှာ အမှိုက်တွေ တင်ကျန်ခဲ့တာ မဆန်းပါရဲ့  ငါ့ အလွမ်းသင်ခန်းစာတွေ ကျေညက်ဖို့  ဆရာမ အဖြစ် သင်ပေးတဲ့ မင်းကို သတိရလွန်းချက်က တခါတလေ ငါ့နမည်တောင် ငါ မေ့လို့  ... ။ ။

လွမ်းစရာမကောင်းတဲ့ အလွမ်းကဗျာ

ကဗျာမရေးတာကြာပြီ….. ကဗျာတစ်ပုဒ်လောက်ရေးဖို့ ချောင်ကျကျစားပွဲမှာ စက္ကူငယ်ခင်းလို့ ရင်ခွင်ကို စုံကိုင်ညှစ်ချလိုက်တယ် မှင်သွားမှာ တဖောက်ဖောက်ကျလာလိုက်တာ အလွမ်းတွေ…အနွမ်းတွေ…အဆွေးတွေ အရှုံးတွေ….အမုန်းတွေ…..နှုံးချိနေတာချည်းပဲ…. တောက်…..အပြုံးတွေ ဘယ်ရောက်ကုန်ပြီလဲ… ငါ့ဘ၀မှာ ပျော်စရာဆိုတာ မြန်မာပြည်က အကြွေလိုပဲ ရှားလိုက်တာကွာ….. ကဲ….တွေးစမ်း…. ပျော်ခဲ့ဖူးတာတွေ ရီခဲ့ဖူးတာတွေ…. ဟော…ပေါ်လာပြီ….ရေး……. ဟမ်….ပြန်ပျောက်သွားပြန်ပြီ…. ဟူး…..မြန်မာပြည်က ကွန်နက်ရှင်လိုပါပဲလား…. ပျော်စရာရယ်….ဘယ်တော့များမှ ဖမ်းမိပါ့မလဲ…. နောက်ဆုံးတော့လည်း နတ်ဆိုးရဲ့ထုံးစံအတိုင်း လွမ်းရိပ်လေးရစ်သိုင်းပြီးတော့ပဲ အဆုံးသတ်ရဦးမှာပေါ့………..။ ရေးသားသူ . xxman

***အတ္တနေ၀င်ချိန်***

လာသူတွေလည်းထပ်လာတယ် သွားသူတွေလည်းသွားကုန်ပြီ နေနေတဲ့သူတွေလည်း အသက်ကိုထမ်းထားရတာနဲ့တင် ပင်ပန်းနေကြပြီလေ.... အတ္တကိုလည်းရွက်ထားသေး လောဘကိုလည်းမလွတ်ချနိုင်သေး ဒေါသနဲ့လည်းမကင်းနိုင်သေး ပင်ပန်းပြီးရင်းပင်ပန်းပြီလေ.... ဦးတည်ချက်အမျိုးမျိုးနဲ့ ရည်ရွယ်ချက်အမျိုးမျိုးနဲ့ ဘ၀ထဲမှာကျင်လည်နေကြတာ ချိန်ခွင်တစ်ခုအလည်ရောက်တုန်း အထုပ်နှစ်ခုထည့်ချိန်ကြည့်တော့ ချိန်ခွင်ကြီးချက်ချင်းပဲလျှာထွက်သွားတယ်.... ဒါကိုပဲ ကိုယ်နဲ့မဆိုင်သလိုလှည့်ထွက်သွားလိုက်တာ ကမ္ဘာကြီးတခြမ်းပိုစောင်းသွားသလိုပဲ ကမ္ဘာမြေသာငိုညည်းတတ်မယ်ဆို ကန္တာရမှာ ရေလွှမ်းမလားပဲ.... သံဝေဂတွေ အသိတရားတွေဆိုတာ စာအုပ်မှာပဲပုံနှိပ်ပြီး အလှကြည့်ရတယ်များ မှတ်နေလားမသိပါဘူး နေ၀င်ချိန်ထိကို မမောသေးပါဘူးဆိုပြီး ငါဆိုတဲ့အတ္တဆောင်းထားတုန်းပဲ...... ဘ၀ဟာ ပြေးလမ်းတစ်ခုဆိုရင်လည်း လမ်းမှာ ကျောက်တုံးလေးတွေ့ရင်တောင် ဖယ်ရှားပေးခဲ့ဦး.... ဘေးရှောင်ပြီးသွားသူတွေများနေလို့ အိုဇုန်းလွှာတွေပေါက်ကုန်တာပေါ့......... ဒါကြောင့်မီးစာကုန်ရေခမ်းလို့ပဲဖြစ်ဖြစ် နေ၀င်ချိန်ရောက်လို့ပဲဖြစ်ဖြစ် လူတကာငေးမောရအောင် ကိုယ့်ရဲ့နေ၀င်ဆည်းဆာလေးလှပစေဖို့ "အတ္တ" ကိုဦးစွာနေ၀င်ခွင့်ပေးလိုက်ပါလား....... ရေးသားသူ စနိုးနှင်း

Tuesday, July 15, 2014

ဝါဆိုလပြည့်နေ့ထူးမြတ်ရက် (၅)ရက် နှင့်ဝါဆိုအလင်္ကာ

2014ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့သောကြာနေ့ကလေးက ဗုဒ္ဓဘာသာဝင်တို့တွက် အလေးအမြတ်ထားအပ်သော မြတ်စွာဘုရာရှင်ရဲ့ နေ့ထူးတွေနဲ့အတူ ကုသိုလ်ကောင်းမှုတွေ သီလဆောက် တည်မှုတွေနဲ့ ဘာဝနာတရားကိုပွားများသူတွေအတွက် ကောင်းမွန်ပြည့်စုံလှပါတယ်။ ၀ါတွင်းကာလဟူ ခေါ်ဆိုသည့် အတိုင်း ၀ါဆိုလပြည့်မှ သီတင်ကျွတ်လပြည့်ထိ သုံးလတိုင်တိုင်ပင်သတ်မှတ်ကြပါတယ်။ အခုရွှေပန်းချီက ၀ါဆိုလပြည့်နှုင်သက်ဆိုင်သော နေ့ထူးကြီး (၅)မျိုးနဲ့ မြတ်ဘုရားရှင်ရဲ့ ၀ါဆိုစဉ်နဲ့ဝါကပ်ရာနေရာဒေသ တို့ကို အလင်္ကာ သံပေါက်လေးနဲ့ ကုသိုလ်တရားပွားများနိုင်ပါစေရန် တင်ပြလိုက်ပါတယ်။ ၀ါဆိုလပြည့် နေ့ရက်(၅) ...မှာ (၁) ပဋိသန္ဓေတည်သည့်နေ့....=မဟာသက္ကရာဇ်-၆၇ ၀ါဆိုလပြည့် ကြာသာပတေးနေ့ (၂)တောထွက်သည့်နေ့-........=မဟာသက္ကရာဇ်-၉၇ ၀ါဆိုလပြည့် တနင်္လာနေ့ (၃)ဓမ္မစင်္ကြာတရားဥိးဟောသည့်နေ့=မဟာသက္ကရာဇ်-၁၀၃၀ါဆိုလပြည့် စနေနေ့ (၄)သောတာပန်လူသားစပေါ်သည့်နေ့ =မဟာသက္ကရာဇ်-၁၀၃၀ါဆိုလပြည့် စနေနေ့ (၅)သံဃာရတနာစပေါ်သည့်နေ့......=မဟာသက္ကရာဇ်-၁၀၃၀ါဆိုလပြည့် စနေနေ့.....တို့ဖြစ်ပါတယ်။ ရွှေပန်းချီ (2014-7-11) 23း0 AM

ဖြတ်ထိုးဥာဏ်

အခါတစ်ပါး၌ ရွာတစ်ရွာတွင် အသက်၄၀ နီးပါးရှိနေပြီဖြစ်သော အပျိုကြီးတစ်ယောက်ရှိလေ၏။ သူ့တွင်ကူဖော်လောင်ဖက်လည်း မရှိချေ။ ထိုအပျိုကြီးမှာ ကိုယ်ပိုင်အိမ်ကြီးတစ်လုံး၌ တစ်ကိုယ်တည်းနေရသောကြောင့် ညအချိန်တွင် အိမ်အနီးနားမှ သူငယ်မလေးများကို ခေါ်၍ အိပ်ရလေသည်။ တစ်ည၌ အဖော်မိန်းကလေးများ အိပ်ရန်မလာသေးမီ ထိုအပျိုကြီးအိမ်သို့ လူတစ်ယောက်ကပ်လာလေသည်။ အပျိုကြီးမှာ အသံကြားသဖြင့် တစ်စောင်းက ချောင်းမြောင်းကြည့်ရှုရာ သူခိုးဖြစ်ကြောင်းကို အတပ်သိ၍ တစ်ကိုယ်တည်းဖြစ်နေသောကြောင့် ကြောက်ရွံ့မိလေသည်။ အော်လျှင်လည်း သူခိုးထွက်ပြေးသွားသောကြောင့် ဖမ်းမမိပဲနေမည်.။ မအော်ပဲနေပါကလည်း မရှိမဲ့ရှိမဲ့စုဆောင်းထားသော မိမိပစ္စည်းများ ပါသွားတော့မည်။ ထို့ကြောင့်မည်ကဲ့သို့ လုပ်ရမည်ကို စဉ်းစားမရပဲ အကြံရ အတော်ခက်နေလေသည်။ တစ်အောင့်ကြာမှ သူခိုးအားလက်ရဖမ်းဆီးရန် အကြံတစ်ခု ရသွားလေသည်။ ထို့ကြောင့် သူသည် ရုတ်တရက်ပြောလိုက်လေသည်။ "ဟဲ့...ကလေးမတို့၊ ငါ ပုံပြင်တစ်ပုဒ်ပြောပြမယ်၊ နားထောင်မလား" ထို့နောက် အပျိုကြီးကပင် အသံကိုဖျက်၍ " ဟုတ်ကဲ့..နားထောင်ချင်တယ် ..ပြောပြပါ" ဟု ဆိုလေ၏။ ဒါဆိုနားထောင် ပြောပြမယ်... "ရှေးအခါက ရွာတစ်ရွာမှာ အလွန်ကပ်စေးနဲတဲ့ မိန်းမကြီးတစ်ယောက်ရှိတယ်၊ တစ်နေ့တော့ အဲဒီမိန်းမကြီးဟာ ချောင်းတစ်ဖက်ကမ်းမှာရှိတဲ့ ရွာတစ်ရွာကို အကြွေးသွားတောင်းတာပေါ့... သူချောင်းဖြတ်ဖို့ လှေတစ်စင်းကိုခေါ်ပြီး ဟိုဖက်ကမ်းကို အသွားအပြန် ငွေတစ်ပြားပေးမယ်...ပို့ပေးနိုင်မလားမေးတာပေါ့... လှေသမားကလည်း ပို့ပေးမယ်ဆိုတာနဲ့ သူလည်း အဲဒီလှေနဲ့ ချောင်းကို ဖြတ်သွားလိုက်တယ်။ ကမ်းကိုရောက်တော့ မိန်းမကြီးက ပိုက်ဆံမပေးခဲ့ပဲ ပြန်မှပေးမယ် စောင့်နေလို့ မှာခဲ့ပြီး အကြွေးသွားတောင်းတာပေါ့..။" အပျိုကြီးက ပြောလက်စကို ခဏရပ်ပြီး အသံကို နားစွင့်နေလေသည်။ အဲအပျိုကြိး ပုံပြင်ပြောနေတာကို သူခိုးကလည်း နားထောင်နေလေသည်။ အပျို ကြီးလည်း ဆက်၍ ပြောပြလေသည်။ "မိန်းမကြီးက သူ့ကိစ္စပြီးလို့ပြန်လာတယ်။ ချောင်းကိုဖြတ်မယ်လည်းလုပ်ကော သူစီးလာတဲ့လှေက တစ်ဘက်ကမ်းကိုပြန်ရောက်နေတာတွေ့လိုက်တယ်တဲ့...အဲဒါနဲ့ မိန်းမကြီးလည်း အနီးအနားရှိတဲ့လှေကိုပဲ ငွေတစ်ပြားပေးမယ်ဆိုပြီး ထပ်ငှားခဲ့ရပြန်တာပေါ့...။ အင်း...ခက်တယ်ကွဲ့..ကလေးမရဲ့" "အင်း" ဟု ကလေးမ ပြောသည့်အသံဖြင့် ဆိုလိုက်သည်။ "အဲမိန်းမကြီးစီးလာတဲ့လှေနဲ့ အရင်က စီးခဲ့တဲ့ လှေတို့ဟာ ရေလယ်မှာတွေ့ကြတယ် ။ ပထမလှေရှင်က သူ့လူကို ဘာကြောင့်တင်ခေါ်လာရတာလဲ ... ငါပြန်တင်ပို့ရင် ငွေတစ်ပြားရမယ် ခုတော့ ငါပို့တဲ့တစ်ခေါက်ဟာ အလကားဖြစ်သွားပြီဆိုပြီး ပြောတာပေါ့... ဒုတိယလှေရှင်ကလည်း ငါ့ကိုငှားလို့ငါတင်တယ်နဲ့ စကားတွေများနေကြတော့တာပေါ့ လှေရှင်နှစ်ဦး အငြင်းအခုန်ဖြစ်နေတော့ မိန်းမကြီးက ပြောလိုက်တယ်။ ကဲ...ကဲ... နှစ်ယောက်လုံး ပိုက်ဆံရအောင် နှစ်စီးလုံးကို ငါစီးမယ် ...လှေချင်းကပ်ကြလို့ ပြောတာပေါ့...လှေရှင်နှစ်ဦးလည်း လှေတွေကို ပူးကပ်ပေးလိုက်ကြတယ် ..အဲတော့ မိန်းမကြီးက လှေနှစ်စီးလုံးကို ခွပြီး စီးလိုက်သွားတာပေါ့။ ကမ်းနားလည်းရောက်ကာနီးကော လှေတစ်စင်းဟာ တက်လည်သွားတာနဲ့ အဲဒီခွစီးလာတဲ့မိန်းမကြီးလည်း အာကာယံကျွမ်းပြန်သွားပြီး..."အမယ်လေး၊ ကူကြပါ၊ ကယ်ကြပါ၊ သေရချေရဲ့လေး "လို့ အော်တာပေါ့...။ ထိုသို့ပြောပြီး အပျိုကြီးမှ သူခိုးအားချောင်းကြည့်ရာ ရှိနေသေးသည်ကို တွေ့သဖြင့် အသံကိုထပ်မြှင့်ပြီ "အမယ်လေး၊ ကူကြပါ၊ ကယ်ုကြပါ၊ သေရချေရဲ့လေး" ဆိုပြီး အဆက်မပြတ် အသံကုန်ဟစ်ပြီး အော်နေတော့တယ်။ ပုံပြင်ပြောရင်း အသံကျယ်ကျယ်နဲ့ အော်ပြနေတဲ့ မိန်းမကြီးရဲ့ အသံကိုနားထောင်ပြီး သူခိုးလည်း အူလှိုက်သည်းလှိုက် ရယ်နေတော့တာပေါ့ အဲအချိန်မှာပဲ...ဒီအပျိုကြီးရဲ့အော်သံကိုကြားလို့ ရွာသူရွာသားတွေလည်း လက်နက်ကိုယ်စီကိုင်ပြီး ရောက်လာကြတော့တာပေါ့...ဒါကို သူခိုးက မရိပ်မိသေးပဲ ထွက်မပြေးတဲ့အတွက်ကြောင့် ရွာသူရွာသားတွေလည်း သူခိုးကို လက်ရ ဖမ်းမိသွားတော့တယ်..။ တကယ်လို့သာ...အပျိုကြီးက ဖြတ်ထိုးဥာဏ်မသုံးပဲ နေခဲ့မယ်ဆိုရင် ခုချိန်လောက်ဆို သူ့အိမ်ကပစ္စည်းလည်း ပြောင်လောက်ပြီပေါ့နော်... ဒါကြောင့် ဘယ်လိုအခက်အခဲနဲ့ပဲ ကြုံကြုံ ကြောက်နေစရာမလိုပဲ ဖြတ်ထိုးဥာဏ်သုံးပြီး လွတ်အောင် ရုန်းထွက်နိုင်ကြပါစေနော် စာဖတ်ရင်းပင်ပန်းသွားရင် .... ရင်ကိုအေးမြစေမဲ့ Ice Cream Shake လေး သုံးဆောင်သွားနော် a&;o;ol arav;

Monday, July 14, 2014

သူ့ ပညာနဲ့ သူပါ

တစ်နေ့သောအခါ လူငယ်တစ်ယောက် ရန်ကုန် -နေပြည်တော် အလုပ်ကိစ္စ တစ်ခုအတွက် အထူးအမြန် Myanmar Express ကားဖြင့် စီးလာရာ ကံကောင်းစွာဖြင့် ခေတ်မီ တိုပြတ် အမျိုးသမီး တစ်ဦးနှင့် အနီး ကပ် ကျလေသည်။ ခရီးသွားလာရင်း တော်ကီဖုတ်ရန် အတွက် လူငယ်မှ အမျိုးသမီးကို အခုလို အတူခရီး သွားရတာ ၀မ်းသာ ပါတယ်ဟု ခပ်တိုးတိုး အစပျိုး၏။ ထိုအခါ အမျိုးသမီးက ရုတ်တရတ် စူးဝါးသော အသံဖြင့် “ ရှင့်အိမ် လိုက်ဖို့ ခေါ်ရအောင် ကျွန်မကို ဘာ မှတ်နေ လဲ” ဟု ထပြော၏။ ကားပေါ်ပါသူများ နှာဘူးဟု သတ်မှတ်သည့် အကြည့် ဖြင့် လူငယ်ကို ၀ိုင်း ကြည့်ကြ၏။ ခဏအကြာ အဆိုပါ အမျိုးသမီးမှ ကျွန်မက The Ladies ဂျာနယ်က သတင်းထောက်ပါ။ သူ များ ကို ဘယ်လို အပုပ်ချရင် ဘယ်လို အထင်မှားစေနိုင်လဲ ဆိုတာ ခွန်ဒီးယမ်းဆီမှာ သင်ခဲ့ရပါတယ်။ စိတ်မကောင်း ပါဘူး၊ စတာပါရှင် လို့ ခပ်တိုးတိုး ပြန်ပြောလေ၏။ လူငယ်မှ သူမဘက် လှည့်ပြီး ရုတ်တရတ် ကျယ်လောင်စွာဖြင့် “ ဘာ၊ တစ်ည တစ်သိန်း၊ ငါမှာ အဲလောက် ပိုက် ဆံ မပါဘူး ” ဟု ခပ်ကျယ်ကျယ် ပြန်ပြောလေ၏။ ကားပေါ်ပါသူများ ဤအမျိုးသမီးဟာ တစ်ခုခုတော့ တစ်ခု ခု ပဲ ဆိုသည့် အကြည့်ဖြင့် ၀ိုင်းကြည့်ကြ၏။ မိနစ် အနည်းငယ် အကြာ လူငယ်မှ “ကျွန်တော်က Weekly သတင်းထောက်ပါ။ ကိုယ်ခံရင် ဘယ်လိုပြန်အပုပ်ချရမလဲ ဆိုတာ ကိုဝေဖြိုးဆီမှာ သင်ခဲ့ရပါတယ်။ ပြန်စတာပါ” ဟု ခပ်တိုးတိုး ပြန်ပြောလေသတည်း။ ကျွန်တော်လည်း စတာပါ။ ခွီးခွီး.. စာရေးသူ Oppositeye myanmar at 8:37 PM စာပေအမျိုးအစား ဟာသ

ဘာညာစုံစမ်းရေးကော်မရှင်

“ အဖေ” “ဟေ....ဘာလဲသား” “ကျောင်းမှာ သား ခဲတံပျောက်သွားလို့” “ဟင်...မင်းဆရာမကို သွားမတိုင်ဘူးလား” “တိုင်တယ် အဖေ ပျောက်ပျောက်ချင်းပဲ သွားတိုင်လိုက်တာ” “အေး...သားတော်တယ်၊ အဲ့ဒီတော့ ဆရာမက သားခဲတံပျောက်တာကို ဘယ်လိုအရေးယူလဲ” “ဆရာမက ခေါင်းဆောင်ပြီး၊ အတန်းခေါင်းဆောင်ကို ရှာဖွေရေးအဖွဲဖွဲ့ခိုင်းတယ်အဖေ၊ အဲ့ဒီတော့ သားတို့ အတန်းခေါင်းဆောင်က အတန်းသား သုံးယောက်ကို ဆင့်ခေါ်ပြီး ဆရာမ စိတ်ကြိုက် အဖွဲဖွဲ့ရတာပေါ့” “အင်...အဲ့ဒီလို လုပ်လို့ အဆင်ပြေပါ့မလား သားရဲ့” “ပြေတယ် အဖေရ” “ဟုတ်ရဲ့လား....ဘယ်လိုပြေတာတုန်း” “သားတို့ အတန်းခေါင်းဆောင်က အတန်းထဲမှာရှိတဲ့ လူတွေရဲ့ အိတ်တွေကို စစ်ဆေးပြီး ဆရာမဆီကို စစ်ဆေးပြီး ရလာတဲ့ အဖြေကို စာတင်ရတယ်အဖေရဲ့” “အဲ့ဒီတော့ သားခဲတံပြန်တွေ့ရောလား” “တွေ့တော့ မတွေ့ဘူးအဖေ....ဒါပေမယ့် သားကျေနပ်တယ်” “ဟင်....ဘယ်လိုကြီးတုန်း သားရဲ့” “အတန်းခေါင်းဆောင်ရဲ့ အစီရင်ခံစာအရ....သားရဲ့ခဲတံဟာ အိမ်ကနေ ကျောင်းအထိ ပါလာတာ မသေ ချာကြောင်း၊ သေချာပါကလည်း မည်သူတစ်ဦးတစ်ယောက်ဆီမှာမှ မတွေ့သောကြောင့် အတန်းထဲ တွင်ေ ပျာက် တာမဖြစ်နိုင်ကြောင်း၊ အတန်းထဲတွင် ပျောက်တာမဖြစ်နိုင်သောကြောင့် အခြားနေရာများကို စဉ်း စား ကြည့်သောအခါ ကာယကံရှင် အားမေးမြန်းချက်အရ မည်သည့် နေရာကိုမှ မယူ သွားကြောင်း ထွက် ဆိုခြင်းေ ကြာင့် အတန်းထဲရှိထောင့်တစ်နေရာများကျနေနိုင်ကြောင်း၊ သို့သော် တစ်ခန်းလုံး အားပိုက်စိပ် တိုက် ရှာကြည့်သောအခါ မည်သည့်နေရာမှ ရှာမတွေ့သောကြောင့် ထိုစဉ်းစားချက်မှာလည်း မဖြစ်နိုင်ေ ကြာင်း၊သို့ဖြစ်ပါသောကြောင့် ပျောက်ဆုံးသွားသောခံတံအားရှာဖွေရန် ပြီးမြောက်ဖို့ အတွက် အောက်ပါ အချက်များ ထဲမှ နည်းလမ်းတစ်ခုအားဆောင်ရွက်သင့်ကြောင်း ဆရာမအား အကြံပြုအပ်ပါသည်။ (1) ပျောက်ဆုံးသွားသောခဲတံအားအသစ်ပြန်ဝယ်ပေးခြင်း (2) ထိုပျောက်သွားသော ခဲတံအား ထပ်မံရှာဖွေရန် လုံလောက်သော လူအင်အား ထပ်မံဖြည့်တင်းပေးရန် (3) ပျောက်သွားသောခဲတံအား ထပ်မရှာပဲ နေခြင်း တို့ ဖြစ်ပါသည်။ လို့ ဆိုထားတယ်အဖေ” “ဟ...မင်းတို့ ဟာက ရှည်လျှားလှပါလား၊ ပျောက်နေတဲ့ ခဲတံလည်း ပြန်မတွေ့ဘူး၊ ဖတ်ရတာကလည်း ဘာကို ဆိုလိုမှန်းမသိဘူး” “ ဒါပေမယ့် သားကျေနပ်တယ် အဖေ” “မင်းကလည်း ကျေပဲ ကျေနပ်နေတာပဲ....ဒီလောက်တောင် ကျေနပ်နေတာ ဘာကို ကျေနပ်တာလဲ” “အဖေပဲ စဉ်းစားကြည့်လေ” “အင်း...ငါက ဘာကိုစဉ်းစားရမှာလဲ” “သားခဲတံပျောက်သွားလို့ ဘာမှ မလုပ်ပေးတာထက်စာရင်၊ အခုလို သားအတွက် အစီရင်ခံစာ အရှည်ကြီး ဖတ် ရတော့ သားတန်တာပေါ့အဖေရဲ့ ၊ ပြီးတော့ ရှာနေတဲ့ အချိန်တွေမှာ သားတို့ စာ မသင်ရ ဘူးလေ.. .အဲ့ ဒါကျေနပ်စရာပေါ့ အဖေရဲ့...အဖေက ဒါလေးတောင်မသိဘူး” Credit : သရော်စာ - satire

လူမျိုးရေးဘာသာရေး အဓိကရုဏ်များနှင့်နိုင်ငံရေးရွေ့ ကွက်

မုဆိုးတွေက ကိုယ် လိုချင်တဲ့ သား ကောင်ကို မိဖို့ ထောင်ချောက် ဆင်ကြ လေ့ရှိသည်။ တစ်ခါ တစ်ရံတော့ လည်း ယုန် လိုချင်လို့ ထောင်ချောက် ဆင်ပေ မယ့် အနေ အထိုင် မတတ်သော ကြောင် ကြောင့် ယုန်ကို မမိဘဲ ကြောင်ကိုသာမိ တတ်ပြန်သည်။ ထို့ကြောင့် မြန်မာ စကားပုံမှာ ယုန် ထောင် ၊ကြောင်မိလို့ ဆိုကြ၏။ သို့ သော်လည်း ယုန်ကိုပဲ မိမိ၊ ကြောင်ကို ပဲမိမိ မုဆိုးတို့၏ ရည်ရွယ်ချက် ကတော့ အထမြောက်ခဲ့ သည်သာ။ ဆန်ရှားသည့် ပြဿနာက တရုတ်လူမျိုးတို့အပေါ်ပုံ စာရေးသူကို မမွေးသေးခင် ၁၉၆၇ ခုနှစ် က ဆန်ရှား သဖြင့် မိဘများ ဂျုံဖြင့် ချာပါတီ လုပ်စားခဲ့ရသည်ဟု ပြောပြခဲ့ ဖူးသည်။ ၁၉၆၇ မတိုင်ခင် ဆန်တစ် ပြည်ကိုပြား ၆ဝ မှ ၁၉၆၇ ဆန်ရှားပါးမှု ပြဿနာဖြစ် ချိန်တွင် ဆန်တစ်ပြည်ကို ၇ ကျပ်၊ ၈ကျပ် ဖြစ်သွားခဲ့သည်။ ထို အချိန်က အောက်တန်း စာရေးတစ် ယောက်၏ တစ်နေ့ ဝင်ငွေမှာ ၆ ကျပ် ပြား ၈ဝ သာဖြစ်သောကြောင့် ပြည်သူ များဒေါသ ပွားကြလေသည်။ အာရှ တိုက် ၏ စပါးကျီဟု တင်စားခေါ်ဝေါ်ရ သည့် မြန်ရွှေပြည်ကြီး အတွင်း ဆန်မရှိ ဟု ဆိုသော အခါ လယ်ပြင်မှာ ဆင်သွား သလို ပေါ်လွင်ခဲ့သည်က အစိုးရ ၏ စီမံ ခန့်ခွဲမှု ညံ့ဖျင်းခြင်းကြောင့် ဖြစ်လေ သည်။ ထို့ကြောင့် တော်လှန်ရေး ကောင် စီ အစိုးရ အပေါ် ဆန့်ကျင် အန်တုမှုများ မဖြစ်ပေါ်သေးခင် တရုတ်ကျောင်းသား များ မော်စီတုန်း တံဆိပ် တပ်ဆင်သည် ကို အကြောင်းပြု ပြီး တရုတ် မြန်မာ အဓိက ရုဏ်းဖြစ်ပေါ် လာအောင် သွေးထိုးတော့ လေသည်။ ထိုတရုတ် -မြန်မာ အဓိကရုဏ်း အတွင်း တော်လှန်ရေး ကောင်စီ၏ ဒေါက်တိုင်များ ဖြစ်သည့် အရပ်ဝတ် ဝတ် ဆင်ထား သည့် စစ်သားများ၊ စစ်ထောက် လှမ်းရေး များက အဓိက အခန်း ကဏ္ဍမှာ ပါဝင်ကာ အသုံးတော် ခံခဲ့သည်။ တစ်ရပ်ကွက် တည်း အတူနေကြ သူ အချင်းချင်း ရက်ရက် စက်စက် သတ်ဖြတ်ဖြစ်အောင် သွေးထိုး လှုံ့ဆော် ကြသလို၊ သွေးပူနေသည့် လူအုပ်ကြီး အား ညာသံပေးကာ တရုတ် လူမျိုးပိုင် နေအိမ်များ၊ ဆိုင်များကို ဖျက်ဆီးခဲ့ ကြသည်။ မြန်မာနိုင်ငံ အနှံ့ အပြားတွင် ဖြစ်ပေါ်ခဲ့သော် လည်း မြို့တော် ရန်ကုန် တွင် အဆိုးဝါးဆုံးဖြစ်ကာ ရန်ကုန် တစ် မြို့လုံး မီးခိုးလုံးများ ဖုံးလွှမ်း သွားခဲ့ရ၏။ ဆန်ရေစပါး ရှားပါးသည့် ပြဿနာ ပျောက် ကွယ်သွားပြီး တရုတ်ကို မြန်မာက ရိုက် နှက်သတ်၊ မြန်မာကို တရုတ်က ရိုက် နှက် သတ်ဖြင့် ရန်ကုန်မြို့သည် မြို့ပျက် တစ်ခုဖြစ်ခဲ့ရသည်။ ထိုအဓိက ရုဏ်းကို ဖန်တီးခြင်း ၏ နောက်ကွယ်တွင် ရည်ရွယ်ချက် ၂ မျိုး ရှိခဲ့ ပါသည်။ ပထမ တစ်မျိုးက ဆန်ရှား သည့် ပြဿနာ ကို အာရုံ လွှဲခြင်း ဖြစ်ပြီး၊ ဒုတိယ တစ် မျိုး အနေနှင့် ကွန်မြူနစ်အား ပြတ်ပြတ် သားသား ဆန့်ကျင်သည့် အစိုးရ အဖြစ်ဖြင့် အမေရိကန်အား မျက်စပစ်ခြင်းသာ ဖြစ်သည်။ ဆန်ပြဿနာ ကို ခဏသာ အာရုံ လွှဲနိုင်ခဲ့သော် လည်း အမေရိကန်နှင့် ဆက်ဆံရေး ကတော့ ပိုမို ချောမွေ့ ပြေပြစ်ခဲ့၏။ စစ်အာဏာရှင်များ အသုံးပြုမြဲ ပုံသေနည်း စစ်အာဏာရှင် များအဖို့ ၄င်းတို့ အာဏာ တည်မြဲရေး အတွက် ဆိုလျှင် ဓားစာခံကို အမြဲတမ်း ရှာထားလေ့ ရှိ သည်။ ၁၉၈၈ ခုနှစ် မတ်လနှင့် ဇွန်လ များအတွင်း က ကျောင်းသား အရေးအခင်း များဖြစ်ပွားခဲ့ရာမှ သြဂုတ်လတွင် လူထု အရေးတော်ပုံကြီး ဖြစ်ပေါ်စေ ရန်အတွက် ကျောင်းသား၊ လူငယ်များ က အင်တိုက် အားတိုက် လှုံ့ဆော် ခဲ့ကြလေသည်။ ဗိုလ်နေဝင်း ဦးဆောင်သည့် အစိုးရ၏ ညံ့ဖျင်းမှု များကြောင့် ချွတ်ခြုံ ကျနေသည့် ပြည်သူများက မဆလ အစိုးရကို စိတ်ကုန်နေ ပြီဖြစ်သော ကြောင့် လူထု အရေးတော်ပုံကြီး အပေါ် စိတ်ဝင်စား ခဲ့လေသည်။ ထိုအချိန်နှင့် တိုက်ဆိုင်စွာပင် ဇူလိုင် ၁၂ ရက်တောင် ကြီး မြို့တွင် မွတ်စလင် အမျိုးသား တစ်ဦး က မြန်မာ အမျိုးသမီးအား ဗလီမှ ပေး သည့် ဆုကြေးရသဖြင့် လက်ထပ်ယူ သည်ဟု ဆိုကာ ကုလား- မြန်မာ အဓိက ရုဏ်းကို စတင် ခဲ့သည်။ အဓိက ရုဏ်းဖြစ် ပေါ်နေသောကြောင့် တောင်ကြီး မြို့တွင် အရေးပေါ် အခြေအနေ ထုတ်ပြန်ခဲ့ သည်။ ဇူလိုင် ၁၆ ရက်တွင် ပြည်မြို့၌ ဆက်လက် ဖြစ်ပွားခဲ့သည်။ ကုလား -မြန်မာ အဓိကရုဏ်း နိုင်ငံ အနှံ့အပြားဖြစ် ပေါ်စေရန် အတွက် သေသေသပ်သပ် ရိုက်ကူးထားသည့် မွတ်ဆလင် မုန်းတီး ရေးပုံနှိပ် စာရွက်များကို လက်ဆင့် ကမ်း ဝေငှ လာကြသည်။ သို့သော် ကျောင်း သားများက ကုလား -မြန်မာအဓိက ရုဏ်း မဖြစ်ပွားစေရန် အားထုတ် ခဲ့ကြ၏။ ထို့ နောက် ဇူလိုင် ၂၈ ရက်တွင် အောင်လံ မြို့၌ အဓိက ရုဏ်းဖြစ်ပွားကာ ပုဒ်မ ၁၄၄ ကို ထုတ်ပြန်ခဲ့သည်။ အဓိကရုဏ်း ဖြစ်စေရန် အစိုးရ ဘက်မှ အပြင်းအထန် လှုံ့ဆော်မှု များကို ပြုလုပ်ခဲ့သော်လည်း နိုင်ငံရေး ရေချိန် မြင့်နေသည့် ပြည်သူများက အဓိကရုဏ်း မဖြစ်ပေါ်စေ ရန် တားဆီးနိုင်ခဲ့သည်။ ကြားဖြတ်ရွေးကောက်ပွဲအပြီး မြန်မာပြည် ရှစ်လေးလုံး အရေးတော်ပုံ အပြီး အာဏာ သိမ်းခဲ့သည့် စစ်အစိုးရ လက် ထက် တစ်လျှောက် တစ်တိုင်းပြည်လုံး ငြိမ်ဝပ် ပိပြားခဲ့သည်။ မည်သူမှ လူမျိုး ရေး ၊ နိုင် ငံရေးပြောခွင့် မရှိ၊ ၂ဝဝ၇ ရွှေဝါ ရောင် တော်လှန်ရေး ဖြစ်ပေါ်ခဲ့သည့် အချိန်အတွင်း စစ်အစိုးရက သံဃာတော် များအား ရိုက်နှက် ဖမ်းဆီး ခဲ့ပြီးနောက် ၂ဝဝ၈ နာဂစ် မုန်တိုင်းဖြစ်ကာ ပြည်သူ အများ ဝမ်းနည်း ပူဆွေးချိန်တွင် ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအား ၉၂ ဒသမ ၈ ရာခိုင်နှုန်းကျော် ထောက်ခံသည် ဟု ဆိုကာ အတည်ပြု ခဲ့သည်။ ထို့နောက် ၂ဝ၁ဝခုနှစ်တွင် ရွေးကောက်ပွဲ ကျင်းပ ခဲ့ပြီး ထိုရွေးကောက်ပွဲတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ က အပြတ် အသတ် အနိုင်ရခဲ့သည်။ ထို့နောက် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာခဲ့ပြီး NLD ပါတီ ကိုပြန်လည် စုစည်းခဲ့သည်။ ၂ဝ၁၁ ခုနှစ် အတွင်း အတိုက် အ ခံခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်နှင့် သမ္မတ ဦးသိန်းစိန်တို့ တွေ့ဆုံ ခဲ့ပြီးနောက် ၂ဝ၁၂ ခုနှစ်တွင် ပြုလုပ်သည့် ကြားဖြတ် ရွေးကောက်ပွဲတွင် NLD ပါတီက ဝင်ရောက် ယှဉ်ပြိုင်ခဲ့ သည်။ NLD ပါတီက လွတ်လပ်သည့် နေရာ ၄၄ နေရာတွင် ၄၃ နေရာ အနိုင် ရရှိခဲ့သည်။ ကြားဖြတ် ရွေးကောက်ပွဲ အပြီး ဇွန်လဆန်းတွင် ရခိုင်ပြည်နယ် ၌သာ မန်ရာဇဝတ်မှု တစ်ခုမှ စတင်ကာ ပဋိပက္ခများ ဖြစ်ပွားခဲ့သည်။ ထိုပဋိပက္ခ အတွင်း ဘင်္ဂါလီ လူမျိုး များနှင့် ရခိုင် လူမျိုး များ နှစ်ဖက်စလုံး အသေအပျောက် ရှိ ခဲ့သည်။ ပို၍ ထူးခြားသည်က တောင် ကုတ်မြို့တွင် ဖြစ်ပွားခဲ့သည့် မွတ်ဆလင် ဘာသာရေး ခေါင်းဆောင် ၁ဝ ဦးအား တောင်ကုတ်မြို့ခံ မဟုတ်သည့် လူများ ရုတ်တရက် ရောက်ရှိလာပြီး သတ်ဖြတ် လိုက်သည့် ကိစ္စပင်ဖြစ်သည်။ ရခိုင် ပဋိပက္ခ အတွင်း NLD ပါတီအား ပုတ် ခတ်စော်ကားမှု များကို စတင်တွေ့ရှိခဲ့ သည်။ ထိုပဋိပက္ခ များအတွက် စုံစမ်း စစ်ဆေးရေး ကော်မတီတစ်ရပ်ကို ဖွဲ့စည်း ကာ အစီရင်ခံ တစ်စောင် ထုတ်ပြန်နိုင် ရန်ကြိုးစား ခဲ့သည်။ ရခိုင် ပဋိပက္ခသည် ယခုမှ အသစ်ဖြစ်ပေါ်လာသည့် ပြဿနာ တစ်ရပ် မဟုတ်ဘဲ နှစ်ပေါင်း များစွာက ပြုလုပ်ခဲ့သည့် အကျင့်ပျက်၊ ခြစားမှုတို့ ၏ ဘေး ထွက်ဆိုးကျိုး တစ်ရပ်သာ ဖြစ် လေသည်။ သို့သော် ထူးဆန်းသည့် အချက် တစ်ချက်အဖြစ် ရခိုင်လူမျိုး အချို့က NLD ပါတီနှင့် ဒေါ်အောင်ဆန်းစုကြည် တို့ အား ပုတ်ခတ်စော်ကားမှု များကို စတင် ခဲ့ခြင်း ပင် ဖြစ် သည်။ ထို့နောက် ၂ဝ၁၃ ခုနှစ်၊ မတ်လ အတွင်း အရောင်း အဝယ်ပြုလုပ်ရာမှ စတင်ကာ မိတ္ထီလာမြို့တွင် လူမျိုးရေး၊ ဘာသာရေး အဓိက ရုဏ်းတစ်ခု ထပ်မံ ဖြစ်ပွားခဲ့သည်။ ထိုအဓိကရုဏ်းတွင် သံဃာတော် တစ်ပါးအား ဗလီအတွင်း သို့ဆွဲသွင်းကာ လည်လှီး သတ်ပစ်သည် ဟု စွပ်စွဲခဲ့သော်လည်း ခိုင်မာသည့် သက်သေ မတွေ့ခဲ့ရပေ။ သို့သော် လည်း သင်္ကန်း ဝတ်ဆင်ထားသည့် သူများအပါ အဝင် လူအုပ်စုကြီး တစ်စုက မွတ်ဆ လင်ဘာသာဝင် များကို အရှင် လတ်လတ် မီးရှို့ သတ်နေသည့် ဗီဒီယိုဖိုင် များတက် လာခဲ့သလို၊ အေပီသတင်း ဌာနမှ ဦးခင် မောင်ဝင်း အပါအဝင် သတင်းသမား များအား ရန်ပြုခံခဲ့ ရကြောင်းကို လည်း သိရှိခဲ့ရသည်။ သို့သော် လည်း မိတ္ထီလာ မှ ဆရာတော် တစ်ပါးက မွတ်ဆလင်များ အပါအဝင် ဒုက္ခရောက်နေ သူများကိုစောင့် ရှောက်ထားသည့် သတင်းကို လည်းတွေ့ ရှိခဲ့ရသည်။ ထို ပဋိပက္ခများသည် တစ်ခုနှင့် တစ်ခုဆင်တူ မှုများရှိနေပြီး ပဋိပက္ခဖြစ် ပွားနေချိန် အတွင်း လူမှုကွန်ရက်များ တွင် NLD ပါတီကို ပုတ်ခတ်စော်ကား မှုများ ပိုမိုပြင်းထန် လာခဲ့ သည်။ မိတ္ထီလာ ပဋိပက္ခ အတွင်း ၉၆၉ အဖွဲ့က နာမည် ကြီးလာခဲ့ပြီး မွတ်ဆလင် များပိုင်ဆိုင် သည့်ဆိုင်များတွင် ဈေးမဝယ်ရန်၊ မွတ် ဆလင် ဘာသာ ဝင်များနှင့် လက်ထပ် သဖြင့် နှိပ်စက် ခံရသည့် ဗုဒ္ဓဘာသာ ဝင် အမျိုးသမီးများ၏ အကြောင်း ဆိုကာ လူမှုကွန်ရက် များတွင် ဖြန့်ဝေခြင်းများ ပြုလုပ်ခဲ့သည်။ ထိုအချိန်တွင် ရန်ကုန်၌ လည်း ပဋိ ပက္ခဖြစ်ပွားရန် သွေးထိုးလှုံ့ဆော်မှုများ ရှိလာခဲ့သော်လည်း လုံခြုံရေး တိုးမြှင့်ကာ ထိန်းသိမ်း ခဲ့ခြင်းကြောင့် ရန်ကုန် တွင် ဖြစ်ပွား ခဲ့ခြင်း မရှိပေ။ သို့သော်လည်း ပဲ ခူးတိုင်း၊ မကွေးတိုင်း အစရှိသည့် တိုင်း နှင့်ပြည် နယ် အချို့တွင် မည်သည့်နေရာ က ရောက်လာမှန်း မသိရသည့် လူအုပ် စုတစ်စု ရာက်လာကာ ဗလီများအား မီး ရှို့ခြင်း၊ မွတ်ဆလင် ဘာသာဝင်များပိုင် ဆိုင်သည့် အိမ်များ၊ ဆိုင်များကို ဖျက် ဆီးခြင်းများကို လွတ်လွတ် လပ်လပ်စိတ် ရှိ၊ လက်ရှိ လုပ်ပိုင်ခွင့် များရခဲ့သည်။ ထို သို့ပြုလုပ်နေစဉ် အတွင်း မွတ်ဆလင် ဘာသာဝင် အချို့ကို မိတ်ဆွေ ဗုဒ္ဓဘာ သာဝင်များက ကယ်တင်ထား မှုများ လည်း ရှိခဲ့ကြောင်း ကြား သိရပြန်သည်။ ဖြစ်စဉ်များ အတွင်း အဖျက်လုပ် ရပ်များကို လုပ်ဆောင်သည့် လူအုပ်စု များ အမြဲရောက် လာသည့် အပေါ် အေအေပီပီ ၏ အထွေထွေ အတွင်း ရေးမှူး ဦးတိတ်နိုင်က ”မိတ္ထီလာက စပြီး မန္တလေး မှာဖြစ်နေတဲ့ အခြေအနေအထိ ပေါ့လေ၊ ကားတွေနဲ့ လူအုပ်စု လိုက်ကြီး ဝင်လာပြီး ရိုက်နှက်တာတွေ၊ မီးရှို့ကြ တာတွေ၊ စာရွက် စာတမ်းတွေ ဝေ တာ တွေရှိပါတယ်။ တချို့နေရာ မှာ ဆိုရင် လူသေတာတွေတောင် ရှိတယ်လေ။ သေချာတာက ကားကြီး နဲ့လာတယ်၊ကား နံပါတ်တွေ ရှိနေရဲ့သားနဲ့ ဖမ်းမမိဘူး ဆိုတဲ့ ကိစ္စ ကတော်တော်ကို သံသယဖြစ် စရာ ကောင်းပါတယ်။ ဒါကဖမ်းဖို့ သိပ် လွယ်ပါတယ်၊ ဘယ်ကကားလဲ၊ ဘယ်သူ မောင်းလဲ ဆိုတာ သိနိုင်တာပဲ။ ဒါပေမဲ့ ဒီနေ့အထိ မဖမ်းနိုင်သေးဘူး ဆိုတာက ရဲတွေ ညံ့လို့လည်း မဟုတ်ဘူး။ ယန္တရား မရှိလို့ မဟုတ်ဘူး ။သေချာတာက နောက် လက်ရှိနေလို့၊ ဒီလိုဖြစ်နေ တာ က နောက် လက်မပါရင် ဖြစ်ကိုမဖြစ်ဘူး” ဟု ဖြစ် စဉ်များ အပေါ် သုံးသပ်ခဲ့သည်။ ထို့နောက် ဆက်တိုက်ဆိုသလို လူ မှု ကွန်ရက်ဖေ့စ်ဘုတ် များတွင်ဒေါ်အောင် ဆန်းစုကြည် အား မွတ်ဆလင် အမျိုး သမီးများ ဝတ်ဆင်သည့် ခေါင်းပေါင်း၊ ဆာရီတို့ ဝတ်ဆင်ပေး ထားသည့် ဓာတ် ပုံများတင်ကာ၊ NLD ပါတီ အနိုင်ရပါက လူမျိုး၊ ဘာသာ ပျောက်ကွယ် သွားနိုင် ကြောင်းလည်း ရေးသား လာခဲ့ကာ တစ် ဆက်တည်းတွင် မျိုးစောင့် ဥပဒေပြ ဋ္ဌာန်းရေး ကြွေးကြော်သံများ ဆူညံလာခဲ့ သည်။ အသိသာဆုံး အချက်အဖြစ် သမ္မတ ရုံး ဒုဝန်ကြီး၏ ဇနီးသည် ဖြစ်သူ အသုံး ပြုသည့် လူမှုကွန်ရက် တွင် ဒေါ်အောင် ဆန်းစုကြည်အား ဆာရီဝတ်ပေးထား သောပြန်လည်ပြင်ဆင် ထားသည့် ဓာတ်ပုံ ကို ဝေမျှခဲ့သည် မှာလည်း ထင်ရှားနေ သည်။ ယခုနှစ်အတွင်း ဇွန်လ ၂၉ ရက် မှစတင်ကာ သစ်ထူးလွင် ဝက်ဘ်ဆိုက် တွင် တင်ပြထားသည့် သတင်း တစ်ပုဒ် ကြောင့် မန္တလေးမြို့တွင် အကြမ်းဖက်မှုများဖြစ်ပွား လာခဲ့ပြီး ဗုဒ္ဓ ဘာသာဝင် တစ်ဦးနှင့် အစ္စလာန် ဘာသာဝင်တစ်ဦး သေဆုံးခဲ့ ရလေသည်။ ယခုဖြစ်ပေါ်ခဲ့ သည့် အခြေ အနေ များနှင့် ပတ်သက်ပြီး စာရေးဆရာ ထက်မြက် က ”မန္တလေးဖြစ် စဉ်က ဘာသာရေးကို အကြောင်းပြုပြီး လူမျိုးရေးနွယ်တဲ့ အစွန်းရောက် အုပ်စုက ဖန်တီးတာလို့ မြင်ပါတယ်။ နိုင်ငံရေးအ ရလုပ် ကြံမှုတွေလည်း ပါနိုင်တာပဲ။ နိုင်ငံ ရေး ဖြစ်စဉ် တစ်ခုဖြစ်တဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ကို အဟန့်အတား ဖြစ်စေ ချင်တဲ့ သဘောတွေ လည်း ပါပါတယ်။ လူမျိုးရေး ပဋိပက္ခတွေ ဖန်တီး တာရဲ့ အကျိုးဆက် ကမကောင်းဘူး။ ဒါကြောင့် အစိုးရ အနေနဲ့ ပြတ်ပြတ်သားသား ကိုင် တွယ်ရ မယ်။ မန္တလေးဖြစ်ရပ်ဆိုရင် စဖြစ် ကတည်းက ပြဿနာ ပိုကြီးအောင် လုပ် သလို ဖြစ်နေတယ်။ တရားဥပဒေ စိုးမိုး မှုရှိအောင်လို့ အစိုးရက ကိုင်တွယ်သင့် တယ်။ နောက်ကွယ်က ဒီပြဿနာကို ဘာသာရေး အစွန်းရောက်တွေက လုပ် ဆောင်နေ တာဖြစ်လို့ လုံးဝဆန့်ကျင် တယ်။ အစိုးရ အနေနဲ့ ထိထိရောက် ရောက်နဲ့ ဥပဒေ စိုးမိုးရေးကိုလည်း ကိုင်တွယ်ပါ” ဟု ပြောကြားခဲ့သည်။ မြန်မာနိုင်ငံတွင် ပေါက်ကွဲလု နီးပါး ပြဿနာများမှာ အများအပြား ရှိနေခဲ့ပြီး ထိုပြဿနာများကို အာဏာရ အစိုးရက ကိုင်တွယ်ကာ လိုအပ်လျှင် လိုအပ်သလို အတိုက် အခံ များကိုထိုးနှက်ရန် စောင့် စားလျက် ရှိသည်ကိုလည်း ပြည်သူများ အားလုံး သိရှိကြသည်။ သို့သော် ရုတ် တရက် သွေးပူချိန် တဒင်္ဂတွင် စိတ်အလို ကို လိုက်ပါဆောင် ရွက် လိုက်သဖြင့် ထိခိုက် နစ်နာခံ ရသူများမှာလည်း ပြည် သူများပင် ဖြစ်ပါသည်။ ထို့ကြောင့် အသင့် ဆင်ထားသည့် ထောင်ချောက် များအား သတိရှိစွာ ရှောင်ရှားနိုင်မှ သာလျှင် မြန်မာပြည်၏ အပြောင်းအလဲက ဒီမိုကရေစီ ဘက်ကို ဦးတည် မည်ဖြစ် သည်ဟု စာရေးသူ ယုံ ကြည်မိပါကြောင်း။

အမျိုးသမီး မိမိကိုယ်ကို အဆုံးစီရင်လိုက်တယ်တဲ့

တပ်အတွင်း နေအိမ်လိုင်းခန်း အမှတ်(၄၀)တွင် ဇူလိုင် (၆)ရက်နေ့ ညနေ ၅ နာရီ ၄၅ မိနစ်အချိန်က အသက်(၁၉)နှစ်အရွယ် အမျိုးသမီး တစ်ဦးသည် မိမိကိုယ်ကို ကြိုးဆွဲချ၍ အဆုံးစီရင် သွား ခဲ့ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးမှ သိရ သည်။ သေဆုံးသူ အသက်(၁၉)နှစ်အရွယ် အမျိုးသမီးမှာ ဘုတလင်မြို့နယ်၊ ငွေမွန်ကျေးရွာတွင် နေထိုင်သူတစ်ဦး ဖြစ်သည်။ သူမသည် လွန်ခဲ့သော (၂)လခန့်မှ စတင်၍ အဆိုပါ တပ်တွင် တာဝန်ထမ်းဆောင်လျက်ရှိသော တပ်သားအဆင့်ရှိ စစ်သားတစ်ဦးနှင့် နှစ်ဦးသဘောတူ လက်မှတ်ရေးထိုး၍ ပေါင်းသင်း နေထိုင်ခဲ့ကြသည်။ ထိုသို့ ပေါင်းသင်း နေထိုင်သည်ကို သေဆုံးသူ၏ ခင်ပွန်းဖြစ်သူ စစ်သား၏ မွေးစားမိခင်မှ မန္တလေးမှလာ ရောက်ကာ သူမနှင့် သဘောမတူကြောင်း ပြောဆိုခဲ့သည့် အတွက်ကြောင့် နေအိမ်ရေချိုးခန်း တံခါးဘောင် တွင် မိမိကိုယ်ကို ကြိုးဆွဲချ၍ အဆုံးစီရင်ခဲ့ခြင်း ဖြစ်သည်ဟု ရဲစခန်း၏ မှတ်တမ်းများတွင် ဖော်ပြထားသည်။ အဆိုပါ လူသေဆုံးမှုအား မှုခင်းဆေးပညာအရ ဆက်လက်၍ စစ်ဆေး ဆောင်ရွက်နိုင်ရန် အလုံရဲကင်း စခန်း မှူး ရဲအုပ် ကျော်ဆွေက မုံရွာမြို့မရဲစခန်းတွင် သေမှုသေခင်း အမှတ်စဉ် ၂၀/၂၀၁၄ အရ အမှုရေးဖွင့်၍ ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

ကျိမ်စာမိသွားတဲ့ ဘရာဇီး

အိမ်ရှင်ဘရာဇီးအသင်း အရှက်တကွဲနဲ့ ၇ ဂိုးပြတ်ရှုံးနိမ့်ခဲ့တာဟာ ကျိန်စာတိုက်တာကြောင့်လို့ ဆိုပါတယ်။ ဂျာမနီနဲ့ မကန်ခင်မှာ ဘရာဇီးလူမျိုး အောက်လမ်းပညာရှင် မှော်ဆရာက ဂျာမနီအသင်းရဲ့ အဓိက ကစားသမားတွေကို ဒုက္ခရောက်အောင် အစီအရင်များ ပြုလုပ်ထားသည်ဟု ထုတ်ဖော် ပြောကြားခဲ့ပါတယ်။ “ဂျာမနီအသင်းရဲ့ အဓိက ကစားသမားတွေကို ကွင်းထဲမှာ မပြေးနိုင်အောင် သူတို့ရဲ့ခြေထောက်တွေကို အစီအရင်တွေနဲ့ ချည်နှောင်ထားပါတယ်” လို့ မှော်ဆရာ ဆီးလ်မန်းက ပြောဆိုခဲ့တာပါ။ ဒါပေမဲ့ မှော်ဆရာရဲ့ အစွမ်းက ဂျာမနီအသင်းပေါ် မသက်ရောက်ဘဲ မိမိအသင်းအပေါ်သာ သက်ရောက်ခဲ့ပြီး ဘရာဇီးကစားသမားတွေဟာ ခြေစွမ်းမပြနိုင်ဘဲ ဂျာမနီတွေရဲ့ ခြေမှုန်းခြင်းကို ခံခဲ့ရပါတယ်။ ပထမပိုင်း ၂၉ မိနစ်မှာတင် ဂျာမနီက ၅ ဂိုးပြတ်နဲ့ ဦးဆောင်နေပြီးတော့ ဒုတိယပိုင်းမှာ ၂ လုံးထပ်သွင်းနိုင်တာကြောင့် ၇ ဂိုးထိ ပြတ်နေခဲ့ပါတယ်။ ပွဲပြီးခါနီး မိနစ် ၉၀ အရောက်မှာတော့ အိမ်ရှင် ဘရာဇီးအသင်းအတွက် အရှက်ပြေ ဂိုးကို အော်စကာက သွင်းယူပေးခဲ့ပါတယ်။ ဝေဖန်သူအချို့ကတော့ သူများအသင်းအပေါ် မကောင်းကြံလို့ ခုလို ကိုယ့်ကိုကိုယ် ပြန်ထိတာလို့ ဆိုကြပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မှော်ပညာနဲ့ လုပ်ဆောင်မှုတွေ ခေတ်စားခဲ့ပြီး ပေါ်တူဂီ ကြယ်ပွင့် စီရော်နယ်ဒိုကိုလည်း ခြေစွမ်းမပြနိုင်အောင် ဂါနာ နတ်ဆရာတစ်ဦးက ပြုလုပ်ခဲ့တယ်လို့ သတင်းများမှာ ဖော်ပြခဲ့ကြပါတယ်။ အားကစားဟာ အားကစားဖြစ်ပြီး ရှုံးရှုံးနိုင်နိုင် မျှမျှတတ ယှဉ်ပြိုင်ကြဖို့ လိုအပ်ပါတယ်။ သူများမကောင်းကြံရင်တော့ ကိုယ့်ရှူးကိုယ်ပြန်ပတ်တတ်တာ ဒီဖြစ်ရပ်လေးက သက်သေပါပဲ။

မိုင်တိုင်နစ်ဆယ့်ခြောက်က သရဲသားအမိတဲ့ဗျာ

ကျွန်တော်က လားရှိုးသားဆိုတော့ လားရှိုးသားတွေ ထုံးစံအတိုင်း ဆိုင်ကယ် ကယ်ရီ စီးဖူးတာပေါ့..။ တရုတ်ပြည် ရွှေလီ၊ ကြယ်ခေါင်ထဲက တရုတ်ဆိုင်ကယ်တွေကို မြန်မာနိုင်ငံထဲကို တရားမ၀င်တဲ့ နည်းလမ်းနဲ့ စီးကြတာပေါ့ဗျာ…၊ မြန်မာနိုင်ငံထဲကို ကျွန်တော်တို့ လားရှိုးမြို့ကနေ ဖြတ်ပြီး တစ်နိုင်ငံလုံးကို ဖြန့်တယ်..။ ဆိုင်ကယ် ကယ်ရီ မစီးဖူးရင် လားရှိုးသား မစစ်ဘူးလို့တောင် ဆိုရမလားပဲ..။ တစ်ချို့က ကျတော့ ငွေရဖို့အတွက်စီးတယ်..။ တစ်ချို့က သူငယ်ချင်းအပေါင်းအပေါ်နဲ့ အပျော်အဖြစ် စီးကြတယ်..။ ကျွန်တော် တစ်ခါက တရုတ်ပြည်နယ်စပ်ကို လိုက်လည်ချင်တာနဲ့ပဲ ဆိုင်ကယ် ကယ်ရီ စီးဖြစ်ခဲ့တယ်..။ မနက် ၈း၀၀ နာရီလောက် သူငယ်ချင်း ၈ ယောက် ဗင်ကားတစ်စီးထဲမှာ လူကြပ်ညပ်သပ်စွာစီးပြီး မူဆယ်ကို ဆင်းခဲ့တယ်..။ ပြီးတော့ နယ်စပ်ဂိတ်မှာ ၀င်ခွင့်ကဒ်လုပ်ရတယ်..။ ၀င်နေကျလူတွေကတော့ လုပ်စရာမလိုပါဘူး..။ ကျွန်တော်က အခုမှ လိုက်လို့သာ လုပ်ရတာ..။ သိပ်မပေးရပါဘူး..။ မြန်မာငွေ တစ်ထောင့်ငါးရာလား နှစ်ထောင်လားပဲ..။ ပြီးတော့ တရုတ်နိုင်ငံရွှေလီထဲမှာ ရှိတဲ့ ဆိုင်ကယ် ကုမ္ပဏီမှာ သယ်မယ့် ဆိုင်ကယ်တွေယူပြီး သူငယ်ချင်းတွေ ဟိုတယ်မှာ အိပ်ကြတယ်..။ သူငယ်ချင်း ရှစ်ယောက်လုံး တစ်ခန်းထဲယူတယ်.. ခုတင်ဆက်ပြီး အိပ်ကြတာ..။ တရုတ် ဟိုတယ်တွေက လည်တယ်..။ ဘယ်နှစ်ယောက် အိပ်အိပ် တစ်ခန်းဈေးပဲ ယူတယ်..။ တစ်ယောက်ချင်းဆီ တွက်ကြည့်လိုက်ရင် သိပ်မကျဘူး..။ နှစ်ထောင်လားပဲ..။ အဲ့ဒီတော့ တစ်ညလုံး ဟိုလည် ဒီလည်နဲ့ ၀ယ်ချင်တာတွေ ၀ယ်ပြီး ညနက်မှ ဟိုတယ်ပြန်အိပ် မနက်စောစော ၅း၀၀ နာရီလောက် ထပြီး လားရှိုးကို ဆိုင်ကယ် တစ်ယောက် တစ်စီး စီးပြီးတော့ ပြန်ကြတယ်..။ အတိုချုံး ပြောရရင် ဟိုကွေ့ ဒီကျော် ဟိုပေးဒီပေးနဲ့ လားရှိုးကို ညနေ ၃း၀၀ နာရီလောက် ပြန်ဝင်လာတယ်..။ အမှန်ဆို ဒီလောက် မကြာဘူး..။ မိုးတွင်းဆိုတော့ ကွင်းလမ်းတွေက လမ်းချော်နေတာမို့လို့ ဒီလောက်ကြာသွားတာ… လားရှိုး ရောက်ပြီး ဆိုင်ကယ်အပ်မယ်ဆိုမှ ပြသနာတက်တယ်..။ ငွေထုတ်ပေးမယ့် ပိုင်ရှင်က မန်းလေးဆင်းသွားပြီတဲ့.. မန်းလေးကို လိုက်ခဲ့ပါတဲ့… မန်းလေးထိ စီးစရိတ်ပိုပေးပါ့မယ် ပြောတယ်…။ ကျွန်တော်က မလိုက်ချင်တော့ဘူး.. လူလည်း ပင်ပန်းနေပြီ.. ဒါပေမယ့် ကျွန်တော်မလိုက်ရင်လည်း ဒီဆိုင်ကယ်ကို ဘယ်သူက မောင်းသွားမှာလဲ…။ သူငယ်ချင်းတွေကလည်း ဆက်စီးပေးဖို့ ၀ိုင်းပြောကြတယ်..။ ပြီးတော့ အဲ့ဒီအချိန်က မန်းလေးမှာ စွယ်တော် အပူဇော်ခံနေတဲ့အချိန်…. ဒါဆိုလည်း မန်းလေးကို စွယ်တော်ဖူးရင်း လိုက်သွားလိုက်အုံးမယ်လို့တွေးပြီး သူငယ်ချင်း ၈ ယောက် ည ၁၀း၀၀ နာရီလောက်မှာ မန်းလေး ဆက်ဆင်းကြတယ်…။ ဇာတ်လမ်းက အဲ့ဒီမှာ စတာပဲ…။ ဆိုင်ကယ် ကယ်ရီ စီးပုံက သမ္ဘာရင့် ၀ါရင့် ဆရာကြီး နှစ်ယောက်ကို ရှေ့ပိတ်နဲ့ နောက်ပိတ်ထားပြီး စီးကြတယ်..။ ရှေ့က လမ်းရှင်း မရှင်း ကြည့်ပြီး နောက်ဆုံးက ဆိုင်ကယ် ပျက်တာတို့ ဘီးပေါက်တာတို့ကို လုပ်ပေးတယ်.. ကျွန်တော်တို့က အလယ်ကပေါ့..။ ကျွန်တော်ကတော့ နောက်ဆုံး ဆိုင်ကယ်နဲ့ ကပ်လျက်မှာ စီးတယ်..။ ဒီလိုနဲ့ စီးလာလိုက်တာ မြို့တွေ တစ်မြို့ပြီး တစ်မြို့ ကျော်လာလိုက်တာ ဘယ်နေရာ ရောက်နေမှန်းတောင် မသိဘူး..။ လမ်းတစ်လျှောက်လုံး မှောင်မဲနေပြီး ရှေ့မှာ ဆိုင်ကယ်မီးကလွဲလို့ ဘာမှ မမြင်ရဘူး..။ ဆိုင်ကယ်တွေကလည်း မောင်းလာတာ အရှိန်ရတာနဲ့ မြန်လာလိုက်တာ တစ်စီးနဲ့ တစ်စီး တော်တော်လေး ကွာလာကြတယ်..။ ကျွန်တော်က ဒီလမ်းကို အခုမှ စမောင်းဖူးတာ ဆိုတော့ သိပ်မစီးရဲ ဘူး.. ဖြေးဖြေးမြန်မြန်ပဲ နောက်ဆုံး ဘိတ်အစီးနဲ့ မကွာအောင် မောင်းနေလိုက်တယ်..။ ခဏကြာတော့ ကျွန်တော့် နောက်က နောက်ပိတ် ဆိုင်ကယ် ရပ်သွားတာကို နောက်ကြည့်မှန်ထဲကနေ မြင်လိုက်ရတယ်..။ ကျွန်တော် ချက်ချင်း နောက်လှည့်ပြီး သူ့ဆီကို သွားလိုက်တယ်.. တစ်လမ်းလုံး မှောင်မဲ နေပြီး ကျွန်တော်တို့ နှစ်စီးထဲ … မှတ်မှတ်ရရ အချိန်က ည ၁း၁၅ မိနစ် တိတိ…။ "ဟရောင်…၊ ဘာဖြစ်တာလဲ…" "မသိဘူးကွ…၊ ဆိုင်ကယ် ထိုးရပ်သွားလို့…." "ဆီပြတ်တာလား.." "မဟုတ်ဘူးကွာ.. ငါရှာကြည့်တာတော့ ဆိုင်ကယ်ဘာမှ မဖြစ်ဘူး.. ပလပ် လစ်သွားတာလား မသိဘူး..၊ ဒါဆိုရင်တော့ သွားပီ.. ဟိုကောင်တွေရော…" "သွားတာ မှုန်နေတာပဲ… မြင်တောင်မမြင်တော့ဘူး…" "ဒုက္ခပဲကွာ.. ဖုန်းလိုင်းက မရနဲ့… ဒီနေရာမှာမှ လာဖြစ်ရတယ်လို့…" "အမ်.. ဒီနေရာက… ဘာဖြစ်လို့လဲ…" "ဟာ… ဟိုမှာ မိုင်တိုင် ၂၆ ကြီး မင်းမမြင်ဘူးလား…" "အောင်မလေးဗျ…." ကျွန်တော် တစ်ကယ်ကိုလန့်သွားခဲ့သည်။ လမ်းဘေးမိုင်တိုင် အမှတ်က ၂၆ တဲ့..၊ ဘေးမှာက စေတီ တစ်ဆူတောင် ရှိသေး…၊ ပြင်ဦးလွင်က နာမည်ကြီး မိုင်တိုင်အမှတ် ၂၆ပေါ့..၊ တစ်လောက ရုပ်ရှင်ရိုက်ဖို့ ကန်တော့ပွဲ လုပ်တော့တောင် ၀င်ပူးတယ်ဆိုပဲ…. ပြီးတော့ အဲ့ဒီ အမျိုးသမီးနဲ့ ကလေးက သူတို့ကိုသတ်ပြီး ပိုက်ဆံယူသွားတဲ့ ယောက်ျားလေး နှစ်ယောက်ကို အခုချိန်ထိ ဒီနေရာကနေ စောင့်နေတယ်လို့ကြားဖူးတယ်… တွေးရင်း ကျွန်တော့် တစ်ကိုယ်လုံး ကြက်သီးမွေးသီးတွေ အလိပ်လိုက် ထလာတယ်..။ "ဟရောင်… ငါကြောက်တယ်ကွာ… ငါတို့ ဘာလုပ်ကြမလဲ အခု…" "ဘာလုပ်ရမလဲကွ.. ဆိုင်ကယ်ကို ဆွဲရမှာပေါ့..၊ မင်းနောက်ကနေစီး..၊ ငါရှေ့ကနေ ဆိုင်ကယ်နဲ့ဆွဲမယ်…" "ဟာ… ငါနောက်ကနေ မစီးရဲဘူး…" "ဒါဆိုမင်းရှေ့က ဆွဲတတ်လို့လား.." "ဟာ.. ငါမှ မဆွဲဘူးတာ…" "ဘာမှမဖြစ်ပါဘူးကွာ.. ဒီနေရာက နာမည်သာကြီးတာ.. ငါတို့ ဖြတ်သွားဖြတ်လာ လုပ်လာတာ နှစ်ချီနေပြီ.. တစ်ခါမှ အခြောက်မခံရဖူးဘူး… စိတ်ကိုသာ တစ်ခြားနေရာပို့ထား.." ကျွန်တော်လည်း ဘာမှမတတ်နိုင်တော့…. ဒီကောင်က ကြိုးနဲ့ သူ့ဆိုင်ကယ်ခေါင်းကို ကုန်းချီလိုက်သည်။ သူခါးကုန်းလိုက်တော့ သူ့နောက် မလှမ်းမကမ်းမှာ ရပ်နေတဲ့ သားအမိ နှစ်ယောက်ကို ကျွန်တော် ရုတ်တရက် မြင်လိုက်ရတယ်…။ "အား….၊ အောင်မလေးဗျ..… သရဲ…." "ဟရောင်…ဘာဖြစ်နေတာလဲ….." "မင်း .....မင်း.... နောက်မှာ…မင်းနောက်မှာ…." ကျွန်တော့် သူငယ်ချင်းနောက်လှည့်ကြည့်လိုက်သည်။ ဘာမှ မရှိတော့… "ဟရောင်.. မင်း စိတ်ကို တစ်ခြားနေရာပို့ထား…၊ ဘာသရဲမှ မရှိဘူး..၊ မင်းစိတ်က မင်းကို ပြန်ခြောက်နေတာ.." ဒီသားအမိကို ကျွန်တော် တွေ့လိုက်ရတာတော့ သေချာကျွန်တော်သိသည်။ ကျွန်တော်လည်း ဘာမှမတွေးတော့ပဲ သူ ဆိုင်ကယ် ခေါင်းကို ကြိုးချည်နေတာကို သေချာငုံ့ကြည့်နေလိုက်သည်။ "ကဲ..ပြီးပြီ…၊ မင်းဒီဆိုင်ကယ်ကို ခေါင်းထိန်းပြီး လိုက်ခဲ့ပေတော့..၊ ငါရှေ့ကနေ ဆွဲမယ်.." ပြောပြောဆိုဆို နဲ့ သူ ထပြီး ကျွန်တော့်ဖက်ကို လှည့်ကြည်လိုက်သည်။ "အောင်မလေးဗျ…." ကျွန်တော့်မျက်နှာကို မျက်လုံးပြူး မျက်ဆံပြူးကြည့်ပြီး အသားကုန် ကုန်းအော်တော့တယ်..။ "ဟရောင်… ဘာဖြစ်တာလဲ… ငါ…ငါ့ကို လန့်အောင် မလုပ်နဲ့နော်…" "အား…. မလာနဲ့…. ငါနား မလာနဲ့….. အမလေး…သရဲ….သရဲ…." ကျွန်တော့် သူငယ်ချင်း အော်ရင်းနဲ့ ဘောင်းဘီထဲက သေးတောင် ထွက်ကျလာသည်။ ကျွန်တော် နောက်လှည့်ကြည့်သည်။ ဘာမှမတွေ့..။ ဒါဆို ဒီကောင် ဘာကိုကြည့်ပြီး ကြောက်နေတာလဲ..။ "ဟရောင် ဘာဖြစ်တာလဲလို့…. မင်းပဲ သရဲ မခြောက်ဘူးဆို…ငါ့ကို မစနဲ့တော့…" "မလာနဲ့…. မလာနဲ့….အမေရေ…. ဂစ်…ဂစ်…ဂစ်…." ကျွန်တော့်ကို မျက်လုံးပြူး မျက်ဆံပြူးကြည့်ရင်း တက်ပါ တက်သွားသည်။ ဟာ… ဒါဆိုရင်တော့ ဒီကောင် စတာ မဟုတ်တော့ဘူး.. ငါ့မျက်နှာကို ဘာလို့ ဒီလောက်တောင် ကြောက်နေရတာလဲ..။ ကျွန်တော် ဆိုင်ကယ်ဘက်မှန်လေးကိုင်ပြီး ကျွန်တော့် မျက်နှာကို ကြည့်လိုက်သည်။ ကျွန်တော် တွေ့လိုက်ရတာက… ဖြူဖတ်ဖြူရော်နဲ့ နဖူးမှာသွေးတွေ ပေနေတဲ့ ရုပ်ဆိုးဆိုး မိန်းမကြီးတစ်ဦး မျက်နှာ….. သူ့မျက်နှာတွေကတော့ ဒဏ်ရာ ပလတွေနဲ့ ဒါပေမယ့် သူမရဲ့ နှုတ်ခမ်းတွေကတော့ ပြုံးလို့…….။ နောက်နေ့ ကျွန်တော် သတိရလာတော့… ကားတစ်စင်းပေါ်မှာ…၊ လမ်းပေါ်မှာ လဲကျနေလို့ တွေ့တဲ့ ကားက ခေါ်တင်လာတာတဲ့..။ ဒီဖြစ်ရပ်တွေကို ကျွန်တော်တို့ ပြန်ပြောပြတော့ ယုံတဲ့သူတွေ ရှိသလို မယုံတဲ့သူတွေ လည်းရှိသည်။ ကျွန်တော်နှင့် သူငယ်ချင်းကတော့ နောက်ခါ ဆိုင်ကယ် ကယ်ရီဆိုရင် အဖြေက တစ်သံတည်း ပဲ ထွက်လာတော့သည်။ "ဟင့်အင်း…."